ဘားအံမြို့(EGG)သင်တန်းကျောင်း၏ပဉ္စမအကြိမ် သင်တန်းဆင်းပွဲ ပြုလုပ်

ဘားအံမြို့(EGG)သင်တန်းကျောင်း၏ပဉ္စမအကြိမ် သင်တန်းဆင်းပွဲ ပြုလုပ်


Kayin State Government/ kayin state / December 10, 2018


ဘားအံ ဒီဇင်ဘာ၉

 ကရင်ပြည်နယ်၊ ဘားအံမြို့ရှိEducation Gathering Group (EGG) Academy မှကျောင်းသား/ကျောင်းသူများ သင်တန်း ဆင်းလက်မှတ် ပေးအပ်ပွဲ အခမ်းအနား ဒီဇင်ဘာ (၈)ရက်နေ့၊နံနက်(၉)နာရီအချိန်က ဘားအံမြို့ဇွဲကပင်သဘာဝ ဥယျာဉ်ဟိုတယ်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
 ဦးစွာကျောင်းပညာရေးအကြံပေးကော်မတီ၏နာယက ဆရာတော်အရှင်ဦးဥတ္တမက သြဝါဒစကား မွတ်ကြား သည်။ ထို့နောက် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌဦးစောချစ်ခင်က အမှာစကားပြောကြားရာတွင် သင်တန်းဆင်းသွားသော ကျောင်းသား/ကျောင်းသူများအတွက် ဂုဏ်ယူ ဝမ်းသာမိပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် ကရင်ပြည်နယ် အဖက်ဖက်မှဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တတ်သိထား သည့် ပညာရပ်များကို အစွမ်းကုန် အသုံးချ၍ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားပြီး(EGG) Academy ကျောင်းအုပ် ဆရာကြီး ဦးစောမျိုးဇော်က သင်တန်းကျောင်းနှင့်ပတ်သက်သည့် အခြေအနေအားရှင်းလင်းပြောကြားသည်။
 ဆက်လက်၍ သင်တန်းဆင်းအောင်လက်မှတ်များကိုလည်းကောင်း၊ ဘာသာရပ်ဆိုင်ရာဂုဏ်ပြုဆုများကို လည်းကောင်း၊ သင်ကြားမှု ပြင်ပဆိုင်ရာအထူးဆုလက်မှတ်များကိုလည်းကောင်း၊ သင်ကြားပို့ချမှုဆိုင်ရာစံပြဆုများကို လည်းကောင်း တာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့ ကြောင်းသိရသည်။
 (EGG)သင်တန်းကျောင်းသည် မြန်မာနိုင်ငံတွင် ၂၀၁၁ခုနှစ်မှစတင်ကာ ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ကရင်ပြည်နယ်၊ဘားအံမြို့တို့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ သင်တန်းဖြစ်ပြီး၂၀၁၈ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းတွင် အဓိကသင်ကြားသောဘာသာရပ်မှာ အင်္ဂလိပ် ဘာသာရပ်၊ ကွန်ပျူတာဘာသာရပ်၊ လူမှုရေးဘာသာရပ်၊ ဒေသဖွံ့ဖြိုးရေး ဘာသာရပ်နှင့်သင်ယူခြင်းအတတ်ပညာများကို သင်ကြားပေးကြောင်း၊ ပဉ္စမအကြိမ်ထိ သင်တန်းဆင်းပြီး ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၆၀)ဦးရှိကာကရင်ပြည်နယ်အပြင် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှလည်း လာရောက်တက်ရောက်လျှက်ရှိကြောင်း ကျောင်းအုပ် ဆရာကြီးဦးစောမျိုးဇော်ထံမှ သိရသည်။