သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး၀န်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်အတွင်း တိုးတက်မှုများအား လေ့လာ

သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး၀န်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်အတွင်း တိုးတက်မှုများအား လေ့လာ


Rakhine State Government/ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ / December 13, 2018


စစ်တွေဒီဇင်ဘာ ၁၂

သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး၀န်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့် တွေ့ဆုံပြီး စစ်တွေမြို့ရှိ ဗောဒူဖကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကြည့်ရှုလေ့လာ သည်။

သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး၀န်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ ကြရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး၀န်ကြီးနှင့် အထက်လွှတ်တော်အမတ် The Honourable Marise Payne သည် စစ်တွေလေဆိပ်ရှိ ဧည့်ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး၀န်ကြီး ဦးကျော်အေးသိန်း၊ လူမှုရေး၀န်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း၀န်ကြီး ဦးကျော်လွင်၊ ပြည်နယ်ဥပဒေချုပ် ကျော်လှထွန်းနှင့် တာ၀န်ရှိသူများ တက်ရောက်ကြသည်။

ယင်းနောက် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး၀န်ကြီးနှင့် အထက်လွှတ်တော်အမတ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့ရှိ ဗောဒူဖကယ်ဆယ်ရေး စခန်းသို့ သွားရောက် ပြီး ကယ်ဆယ်ရေးစခန်းအတွင်း၌ ယာယီဖွင့်လှစ်ထားသည့် အခြေခံပညာမူလတန်းကျောင်း၌ ပညာ သင်ကြားမှု၊ သင်ယူမှုအခြေအနေများကိုလည်းကောင်း၊ ကယ်ဆယ်ရေးစခန်းအတွင်း နေထိုင်သူ များ၏ စားဝတ်နေရေး အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ တာ၀န် ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့အတူ သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး၀န်ကြီးနှင့် အထက်လွှတ်တော်အမတ်နှင့် အဖွဲ့ဝင် များသည် ကယ်ဆယ်ရေးစခန်းအတွင်း ဖွင့်လှစ်ထားရှိသည့် အမျိုးသမီးများဆုံဆည်းရာစင်တာသို့ သွားရောက်ပြီး အဆိုပါစင်တာရှိ အမျိုးသမီးများနှင့် တွေ့ဆုံသည်။

ညပိုင်းတွင် သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး၀န်ကြီးနှင့် အထက်လွှတ်တော်အမတ်ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာ မည်ဖြစ်သည်။

သြစတြေးလျနိုင်ငံသည် ရခိုင်ပြည်နယ်အတွင်းက လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်း အတွက် ရေရှည်တည်တံ့သော အဖြေရှာနိုင်ရန် မြန်မာနိုင်ငံ ဒေသတွင်းနှင့် အခြားမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း၊ မြန်မာနှင့် သြစတြေးလျတို့သည် အင်ဒို ပစိဖိတ်ဒေသတွင်းမှ မိတ်ဖက်များဖြစ်သည့် အားလျော်စွာ အဓွန့်ရှည်ကြာသော ဆက်ဆံရေးရှိပြီး အာဆီယံနှင့်အရှေ့အာရှထိပ်သီးဆွေးနွေးပွဲတို့မှတစ်ဆင့်ဒေသတွင်းကအရေးကြီးဦးစားပေးလုပ်ငန်း များကို အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သြစတြေးလျနိုင်ငံ နိုင်ငံခြားရေး၀န်ကြီးနှင့် အထက်လွှတ်တော်အမတ်၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်ပြန်ဆက်

HOT NEWS
January 4,