ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီ၏ နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းအဖွဲ့အားလက်ခံတွေ့ဆုံ နေပြည်တော် ဇွန် ၃ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည် နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီ၏ နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်းအဖွဲ့နှင့် စင်္ကာပူ နိုင်ငံ အခြေစိုက် Asia Philanthropy Circle (APC)အဖွဲ့မှ ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာ ခန်းမ၌ လာရောက်တွေ့ဆုံသည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီ၏ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်း အဖွဲ့မှ စင်ကာပူနိုင်ငံ အခြေစိုက် Asia Philanthropy Circle (APC)အဖွဲ့အစည်းနှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ငြိမ်းချမ်းရေး တက္ကသိုလ်တစ်ခုတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပြည်နယ်လွှတ်တော်၊ ပြည်နယ် အစိုးရ အပါအဝင် ဆက်စပ်ဝန်ကြီးဌာနအသီးသီးနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ရခိုင်ပြည်နယ် အတွင်း တည်ငြိမ်အေးချမ်းရေး၊ လူမှုသဟဇာ တမျှတရေးနှင့် ထိုမှတဆင့် လူမှုစီးပွား ဘ၀ ဖွံ့ဖြိုး တိုးတက်ရေး အတွက် သက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ခြင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အကူအညီ ဖြစ်စေခြင်း၊ Community Centre များဖွံ့ဖြိုးတိုးတက်လာစေခြင်းနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်းစသည်တို့မှ တစ်ဆင့်အဆိုပါ ငြိမ်းချမ်းရေး တက္ကသိုလ်မှ ဆောင်ရွက် ပေးနိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

Ministry of Information/ ​နေပြည်တော် / June 03, 2019
image_latest

နေပြည်တော် ဇွန် ၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည် နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီ၏ နိုင်ငံတကာ ဆက်ဆံရေးလုပ်ငန်းအဖွဲ့နှင့် စင်္ကာပူ နိုင်ငံ အခြေစိုက် Asia Philanthropy Circle (APC)အဖွဲ့မှ ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာ ခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီ၏ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်း အဖွဲ့မှ စင်ကာပူနိုင်ငံ အခြေစိုက် Asia Philanthropy Circle (APC)အဖွဲ့အစည်းနှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ငြိမ်းချမ်းရေး တက္ကသိုလ်တစ်ခုတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပြည်နယ်လွှတ်တော်၊ ပြည်နယ် အစိုးရ အပါအဝင် ဆက်စပ်ဝန်ကြီးဌာနအသီးသီးနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ရခိုင်ပြည်နယ် အတွင်း တည်ငြိမ်အေးချမ်းရေး၊ လူမှုသဟဇာ တမျှတရေးနှင့် ထိုမှတဆင့် လူမှုစီးပွား ဘ၀ ဖွံ့ဖြိုး တိုးတက်ရေး အတွက် သက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ခြင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အကူအညီ ဖြစ်စေခြင်း၊ Community Centre များဖွံ့ဖြိုးတိုးတက်လာစေခြင်းနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်းစသည်တို့မှ တစ်ဆင့်အဆိုပါ ငြိမ်းချမ်းရေး တက္ကသိုလ်မှ ဆောင်ရွက် ပေးနိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)