ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဩစတြေးလျသံအမတ်ကြီးနှင့် UNICEF ဌာနေ ကိုယ်စားလှယ်တို့ သီးခြားစီတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဩစတြေးလျသံအမတ်ကြီးနှင့် UNICEF ဌာနေ ကိုယ်စားလှယ်တို့ သီးခြားစီတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / March 15, 2019
image_latest


နေပြည်တော် မတ် ၁၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H.E Ms.Andrea Faulkner နှင့် UNICEF ဌာနေ ကိုယ်စားလှယ် Ms. June Kunnugi တို့အား ယမန်နေ့က ဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီ တွေ့ဆုံသည်။

ဩစတြေးလျသံအမတ်ကြီး နှင့်တွေ့ဆုံစဉ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဩစတြေးလျအစိုးရမှ ပညာသင်ဆုများ ပေးအပ်နေမှု၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ရန်စီစဉ်ထား သည့် Social Work Institute နှင့်စပ်လျဉ်း၍ ဩစတြေးလျရှိ တက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မှု၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုများ ပပျောက်ရေး အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံရှိ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ ပြင်ဆင်ထားမှု၊ လူမှုသဟဇာတမျှတရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ဆောင်ရွက် နေမှု၊ ကုလသမဂ္ဂအေဂျင်စီများ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံ များမှ ပူပေါင်းဆောင်ရွက် နေမှုများကို ဆွေးနွေးကြသည်။

ထို့နောက် UNICEF ဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းများနှင့် ထိခိုက်ဒဏ်ရာ ရသူများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနေမှုများ၊ ၂၀၁၉ ခုနှစ်၊ ဧပြီ ၄ ရက်တွင် International Day for Mine Awareness and Assistance in Mine Action ကျင်းပရန် ဆောင်ရွက်နေမှုများ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ တားဆီးကာကွယ်ရေး ကော်မတီဖွဲ့စည်း၍ လုပ်ငန်းစီမံချက် ရေးဆွဲဆောင်ရွက်မည့် အခြေအနေ များကို ဆွေးနွေးကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,