ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ အင်းစိန်တံတားအဆင်းတွင် YBSခရီးသည်တင်ယာဉ် မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ အင်းစိန်တံတားအဆင်းတွင် YBSခရီးသည်တင်ယာဉ် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / November 02, 2018
အင်းစိန်တံတားအဆင်းတွင် YBSခရီးသည်တင်ယာဉ် မီးလောင်မှု


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်၊ အင်းစိန်တံတားအဆင်းတွင် YBSခရီးသည်တင်ယာဉ် မီးလောင်မှု

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ ၀၆၃၅အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဇီးကုန်အရှေ့ရပ်ကွက်၊ ဗဟိုလမ်း၊ အင်းစိန်တံတားအဆင်းတွင် YBS (၁၆) ယာဉ်လိုင်းမှ ယာဉ်မောင်း ကိုကျော်စည်သူအောင် မောင်းနှင်လာသော ယာဉ်အမှတ် 7N-×××× ဟွန်ဒိုင်း အမျိုးအစား(အပြာရောင်) ခရီးသည်တင်ယာဉ်သည် အင်းစိန်ဘက်မှ မရမ်းကုန်းဘက်သို့ မောင်းနှင် လာစဉ် အင်ဂျင်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အင်းစိန်မြို့နယ် မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ကွပ်ကဲမှုယာဉ်(၂)စီး၊ သန္ဓေ(၂၅)ဦး၊ အရန်(၆)ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ပါသည်။ မီးလောင်မှုကြောင့် အင်ဂျင်ခန်းအတွင်းရှိ ဝါယာကြိုးများ၊ အင်ဂျင်ကာဗာများနှင့် နောက်လေကာမှန် (၁)ချပ်မီးလောင်ကျွမ်းခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ယာဉ်မောင်း ကိုကျော်စည်သူအောင်အား အင်းစိန်မြို့မ ရဲစခန်းမှ (ပ)၂၂၄၁/၂၀၁၈၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။

အင်းစိန်တံတားအဆင်းတွင် YBSခရီးသည်တင်ယာဉ် မီးလောင်မှု

HOT NEWS
January 4,