Adobe Pagemaker (Online) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) အခမ်းအနားကျင်းပခြင်း

Adobe Pagemaker (Online) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) အခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / October 31, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လေ့ကျင့်ရေးဌာနခွဲ(နည်းပညာ)မှ ကြီးမှူးဖွင့်လှစ်သည့် Adobe Pagemaker (Online) သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပုလဲခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်က ဤရုံးမှ အကောင်အထည်ဖော်ဆောင်ရွက်သည့်လုပ်ငန်းများတွင် နည်းပညာဖြင့် ပံ့ပိုးဆောင်ရွက်ရန် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ပိုမိုတိုးတက်မြင့်မားစေရန်၊ ပြောင်းလဲတိုးတက်နေသော နည်းပညာရပ်များကို လုပ်ငန်းခွင်တွင် အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာများ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ နည်းပညာဆိုင်ရာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ထမ်းဆောင်ရာဒေသမှ သင်တန်းတက် ရောက်နိုင်ရေး ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ နည်းပညာပိုင်း လုပ်ငန်းခွင်ဆိုင်ရာ အထောက်အကူပြုသင်တန်းဖြစ်သည်နှင့်အညီ သင်ကြား လေ့လာသူများအနေဖြင့် Adobe PageMaker သည် Desktop Publishing Software တစ်မျိုးဖြစ်ပြီး စာအုပ်၊ မဂ္ဂဇင်း၊ ပိုစတာ၊ ဖိတ်စာ၊ လိပ်စာကတ်စသည့် စာရွက်စာတမ်းအမျိုးမျိုး ပုံနှိပ်ထုတ်ဝေမှုများကို လှပသပ်ရပ်စွာ ဒီဇိုင်းရေးဆွဲဖန်တီးနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချသည့် သင်ခန်းစာများကို နားလည်ပြီး ကျွမ်းကျင်တတ် မြောက်သည်အထိ ကြိုးစားပြီးလေ့လာသင်ယူရန်နှင့် သင်တန်းသားများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် လိုက်နာရမည့် ကျင့်ဝတ်သိက္ခာများကို လိုက်နာကြရန်၊ ရှောင်ကြဉ်သင့်သည့်အပြုအမူများကိုလည်း ရှောင်ကြဉ်ကြရန် အထူးအရေး ကြီးကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၊ ဒေသစာရင်းစစ်ရုံးများ၊ နေပြည်တော်စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီတို့မှ သင်တန်းသား (၃၆) ဦး တက်ရောက်မည်ဖြစ်ပြီး ၂၃-၁၀-၂၀၂၅ ရက်နေ့မှ ၃၁-၁၀-၂၀၂၅ ရက်နေ့အထိ (၇)ရက်ကြာ Online ဖြင့် ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ သင်တန်းကထိကများက ပုလဲခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ဒေသစာရင်းစစ်ရုံး တို့မှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများက Online ဖြင့်လည်းကောင်း တက်ရောက် ခဲ့ကြသည်။

HOT NEWS
January 4,