Battery Electric Motorcycle ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း


Ministry of Planning and Finance/ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် / June 01, 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ တင်သွင်းလာသော လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ စစ်ဆေးမှုမှတ်တမ်းဓာတ်ပုံ


Battery Electric Motorcycle ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိ

                    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Kan Bo Motorcycle Industrial Co., Ltd. မှတင်သွင်းလာသည့် KEMBO အမျိုးအစား၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၆၄၀) စီးသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ (၂၆-၅-၂၀၂၃) ရက်နေ့တွင် ရောက်ရှိလာသဖြင့် (၃၀-၅-၂၀၂၃) ရက်နေ့တွင် အဖွဲ့စုံဖြင့် စစ်ဆေးခဲ့ရာ ကိုက်ညီမှန်ကန်မှုရှိသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးယာဉ် မော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

 

 

သတင်းစဉ်