တရားရေးအရာရှိကြီးများမွမ်းမံသင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း
တရားရေးအရာရှိကြီးများမွမ်းမံသင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်/ နေပြည်တော်, / April 03, 2026
နေပြည်တော်၊ ဧပြီ ၃
တရားရေးအရာရှိကြီးများမွမ်းမံသင်တန်းအမှတ်စဉ်(၅)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်( ၇: ၀၀ ) နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားရေးကောလိပ် (Judicial College)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြား ခဲ့ပါသည်။
သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလ မှာ ၃-၂-၂၀၂၆ ရက်နေ့မှ ၃-၄-၂၀၂၆ ရက်နေ့အထိ ရက်သတ္တပတ်(၉)ပတ်ကြာမြင့် ကြောင်းနှင့် သင်တန်းသို့ ဒုတိယ ညွှန်ကြားရေးမှူး၊ ခရိုင်တရားသူကြီးနှင့် တွဲဖက်ခရိုင်တရားသူကြီးအဆင့်ရှိ သင်တန်းသား (၁၁) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။
