Essential Motors Myanmar နှင့် Asia Pacitic AutoMaker Corporation တို့၏ EV Charging Station များဖွင့်လှစ်
Essential Motors Myanmar နှင့် Asia Pacitic AutoMaker Corporation တို့၏ EV Charging Station များဖွင့်လှစ်
Ministry of Information/ Naypyitaw / March 19, 2023

နေပြည်တော် မတ် ၁၉
Essential Motors Myanmar နှင့် Asia Pacitic AutoMaker Corporation တို့၏ EV Charging Station များဖွင့်ပွဲများကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်ဘူတာကြီးနှင့် လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးသစ်တို့၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး Essential Motors Myanmar နှင့် Asia Pacitic AutoMaker Corporation တို့မှ တာဝန်ရှိသူများက Station များ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်ခလုတ်များနှိပ်၍ ဖွင့်လှစ်ပေးသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက EV Charging Station နှင့် ကားများအား လှည့်လည်ကြည့်ရှုကြပြီး EV (လျှပ်စစ်ကား)များကို စမ်းသပ်မောင်းနှင်ခဲ့ကြကြောင်း သတင်းရရှိသည်။