KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကသာမြို့နယ်၊ မြေနုကျေးရွာအတွင်းရှိ နေအိမ်များအားမီးရှို့ဖျက်ဆီး

KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ကသာမြို့နယ်၊ မြေနုကျေးရွာအတွင်းရှိ နေအိမ်များအားမီးရှို့ဖျက်ဆီး


Ministry of Information/ Naypyitaw / December 06, 2022
image_latest


နေပြည်တော် ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၆ နာရီခန့်တွင် မြေနုကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာသို့အရောက်၌ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မိမိဘက်မှပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာအတွင်းရှိ မီးရှို့ဖျက်ဆီးပြီး ကျေးရွာအရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာအတွင်း နေအိမ် ၁၆၀ လုံး ရှိသည့်အနက် နေအိမ် ၂၀ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ABSDF တံဆိပ်ပါ ယူနီဖောင်းဝတ်ဆင်ထားသည့် အကြမ်းဖက်သမားအလောင်းအချို့၊ အမ် ၂၂ သေနတ် ၁ လက်၊ ၎င်း ကျည် ၄၀ တောင့်၊ ကျည်အိမ် ၂ ခု နှင့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,