KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ Drone အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ဒေသခံပြည်သူ ၄ ဦး သေဆုံး၊ ဒဏ်ရာရ

KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ Drone အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ဒေသခံပြည်သူ ၄ ဦး သေဆုံး၊ ဒဏ်ရာရ


Ministry of Information/ Naypyitaw / February 03, 2023
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၃

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအတွင်းသို့ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ Drone အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ဒေသခံပြည်သူ ၂ ဦးတို့ ဒဏ်ရာ ရရှိခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီခွဲခန့်တွင်  KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် ရွှေဂွန်းကျေးရွာအတွင်းသို့ Drone ယာဉ် ၂ စီးအသုံးပြု၍ Drop Bomb များဖြင့် အကြောင်းမဲ့ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ နေရာ နှစ်နေရာသို့ Drop Bomb နှစ်လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ ကျရောက်ပေါက်ကွဲခဲ့သည့် နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက သွားရောက် စစ်ဆေးလျက်ရှိစဉ် Drop Bomb ၁ လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ဒေသခံပြည်သူ ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့သည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား တောင်ကလေးရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,