KNLA အဖွဲ့မှ ထောင်ထားသည့် ဒေသန္တရကားမိုင်းတစ်လုံးအား မော်တော်ယာဉ်တစ်စီး နင်းမိပေါက်ကွဲပြီး အပြစ်မဲ့ ပြည်သူ ၄ ဦးမိုင်းစထိမှန်ဒဏ်ရာများရရှိ

KNLA အဖွဲ့မှ ထောင်ထားသည့် ဒေသန္တရကားမိုင်းတစ်လုံးအား မော်တော်ယာဉ်တစ်စီး နင်းမိပေါက်ကွဲပြီး အပြစ်မဲ့ ပြည်သူ ၄ ဦးမိုင်းစထိမှန်ဒဏ်ရာများရရှိ


Ministry of Information/ Naypyitaw / February 03, 2023
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ဘက်မှ နတ်သံကွင်းဘက်သို့ ဒေသထွက်ပစ္စည်းများ ရောင်းချရန်မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးသည် ယနေ့နံနက်ပိုင်းတွင် နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်းပေါ်၌ KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ ထောင်ထားသည့် ဒေသန္တရကားမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၄ ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကျောက်ကြီးမြို့၊ ကပ်ကျေးရပ်ကွက်နေသူများဖြစ်သည့် ဦးအောင်အောင် မောင်းနှင်ပြီး ဒေါ်ဇာခြည်ဦး၊ မောင်လွင်ကိုအောင်၊ မောင်အောင်သူရမျိုးလွင်နှင့် အသက်(၇)နှစ်အရွယ် မရှင်းသန့်လင်းတို့လိုက်ပါ၍ ဒေသထွက်ပစ္စည်းများရောင်းချရန် မောင်းနှင်လာသည့် မော်တော်ယာဉ်သည် ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် နတ်သံကွင်း- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ ညောင်ကုန်းတံတား ရှောင်ကွင်းလမ်း သို့အရောက်၌ KNLA အဖွဲ့မှ ထောင်ထားသည့် ဒေသန္တရကားမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ် ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ အပြစ်မဲ့ပြည်သူ ၄ ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ကျောက်ကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် မိုင်းပေါက်ကွဲသည့် နေရာအား ပြန်လည်ပြုပြင်ပြီးစီး၍ လူနှင့်ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ လျက်ရှိကြောင်းသိရှိရသည်။

အဆိုပါနေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,