Ming Xuechang (မြီရှောက်ချန်း)၊ Ming Guoping (မြီကော်ဖျင်း) (ခ) Ming Xiaoping (မြီရှောက်ဖျင်း)၊ Ming Julan (မြီကျွီလန်)နှင့် Ming Zhenzhen (မြီကျိန်းကျိန်း)တို့ကို ဥပဒေအရအရေးယူရန် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း

Ministry of Information/ Naypyitaw / November 16, 2023

နေပြည်တော် နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့် တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော Ming Xue-chang (မြီရှောက်ချန်း)၊ Ming Guoping (မြီကော်ဖျင်း)(ခ) Ming Xiaoping (မြီရှောက် ဖျင်း)၊ Ming Julan (မြီကျွီလန်) နှင့် Ming Zhenzhen (မြီကျိန်းကျိန်း) တို့ကို ဥပဒေအရအရေးယူရန်အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
သတင်းစဉ်