MSME ချေးငွေများ လျှောက်ထားနိုင်
MSME ချေးငွေများ လျှောက်ထားနိုင်
Ministry of Information/ Naypyitaw / February 17, 2025

ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် လိုအပ်သည့်ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၆) ခုတို့မှ ထုတ်ချေးပေးလျက်ရှိပါသည်။ ချေးငွေအတိုးနှုန်းများအနေဖြင့် Fixed Capital အနည်းဆုံး ၃၀% နှင့်အထက် အသုံးပြုမည့်ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၃%၊ Working Capital ၁၀၀% အသုံးပြုမည့်ချေးငွေအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၄ % နှင့် Credit Guarantee Insurance- CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၅ % တို့ဖြင့် ချေးငွေများ လျှောက်ထားနိုင်ပါသည်။ ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီများနှင့်ဆက်သွယ်၍ ချေးငွေများလျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည်။
MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့