New Media Training and Discussion သင်တန်းဖွင့်လှစ်

New Media Training and Discussion သင်တန်းဖွင့်လှစ်

Ministry of Information/ ​နေပြည်တော် / September 11, 2019
image_latest


 

နေပြည်တော် စက်တင်ဘာ ၁၁

 

ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် New Media Training and Discussion သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က  နိုင်ငံပိုင်မီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပုဂ္ဂလိကမီဒီယာများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စဉ်းစားသည့်အခါ New Media ၏ အရေးပါပုံကို မြင်ရပါကြောင်း၊      New Media သည် လျင်မြန်ခြင်း၊ ပျံ့နှံ့မှုနှုန်း လွယ်ကူမြန်ဆန်ခြင်း၊ သတင်းပမာဏများစွာကို တစ်ပြိုင်နက်ဖြန့်ချိနိုင်ခြင်းနှင့် ထုထည်ပမာဏ၊ နယ်နိမိတ်နှင့် အချိန်ကန့်သတ်ချက်များကို ကျော်လွှားနိုင် ပါကြောင်း၊ သတင်းနှင့်ပတ်သက်၍ မြန်ဆန်မှုသည် New Media ၏ အရေးကြီးသည့် လက္ခဏာ တစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့်   သမားရိုးကျမီဒီယာမှ New Media သို့ ပြောင်းလဲကြရမည်ဖြစ်ပါကြောင်း။

 

 မိမိတို့အနေဖြင့် ပြောင်းလဲရန်ကြိုးပမ်းနေသည့်ကာလ၌ တစ်ဖက်တွင် သတင်းဖတ်ရှုသူများအနေဖြင့် New Media ကိုတွင်ကျယ်စွာ အသုံးပြုနေကြ ပြီဖြစ်ပါကြောင်း၊ New Media တွင် ရေးသားဖော်ပြမှုများ၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများကို ရောနှောသုံးစွဲနေချိန်တွင် ဆိုးကျိုးများကိုသာ ထောက်ပြကာကွယ် တားဆီးနေရုံဖြင့် မပြီးဘဲ မိမိတို့ကိုယ်တိုင် New Media မှ သတင်းမှန်များဖြင့် အများပြည်သူအတွက် အကျိုးပြုသည့်သတင်းများကို ထိထိရောက်ရောက်ဖြန့်ချိပေးနိုင်ရန် ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း။

 

 မီဒီယာသည် အသွင်သဏ္ဍာန်နှင့် နည်းပညာများပြောင်းလဲလာသည်နှင့်အမျှ ထုတ်လုပ်ရမည့်ပုံသဏ္ဍာန်များသည် မလွဲမသွေပြောင်းလဲကြရမည်ဖြစ်ပါကြောင်း၊ အများပြည်သူကို မှန်ကန်သည့် သတင်းအချက်အလက်များ ပေးနိုင်ရေး၊ အများပြည်သူ အသိပညာဖွံ့ဖြိုး တိုးတက်ရေး၊ အများပြည်သူကို သန့်ရှင်းသည့်ဖျော်ဖြေမှုများပေးနိုင် ရေးသည် နိုင်ငံပိုင်မီဒီယာများ၏ ရည်ရွယ်ချက်များဖြစ်ပြီး ပြောင်းလဲသွားမည်မဟုတ်ပါကြောင်း၊ အဆိုပါ ရည်ရွယ်ချက်များ ထိရောက်စွာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက်  မီဒီယာဆိုင်ရာနည်းပညာ အသစ်များကို ကြိုးပမ်းသင်ယူလေ့ကျင့် ခြင်းသည်သာလျှင် ယနေ့သင်တန်း၏ ဦးတည်ချက်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် Minister Counsellor လီရှောင်ရန် က နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

အဆိုပါ သင်တန်းကို စက်တင်ဘာ ၁၂ ရက်အထိ နှစ်ရက်ကြာ ဖွင့်လှစ်သွား မည်ဖြစ်သည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှတာဝန်ရှိသူများ၊ နည်းပြများ၊ ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့်လုပ်ငန်းတို့မှ သင်တန်းသားသင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)

 

အထူးသတင်း
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •