PDF အမည်ခံအကြမ်းဖက်သမားများက လားရှိုးမြို့ ရန်တိုင်းအောင် ဘုရားဝင်းအရှေ့ ပန်းခြံအနီးတွင် လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ လေးဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများရရှိ

PDF အမည်ခံအကြမ်းဖက်သမားများက လားရှိုးမြို့ ရန်တိုင်းအောင် ဘုရားဝင်းအရှေ့ ပန်းခြံအနီးတွင် လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ လေးဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများရရှိ


Ministry of Home Affairs/ နေပြည်တော် / April 22, 2023
လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအနီးနေရာ၌ မိုင်းပေါက်ကွဲခဲ့သည့် နေရာပြပုံ။


      ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၊ ရပ်ကွက်(၁)၊ မြို့အဝင်မုခ်ဦးအနီး ရန်တိုင်းအောင် ဘုရားဝင်းအရှေ့ ပန်းခြံအနီးရှိ ကားများရပ်နားထားသည့်နေရာ၌ ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းက PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

      ဖြစ်စဉ်မှာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြိုနေ့အခါသမယတွင် ဒေသခံဘုရားဖူး ပြည်သူများနှင့် ပန်းခြံသို့လာရောက်လည်ပတ်သူများ စည်ကားသိုက်မြိုက်လျက်ရှိသည့် လားရှိုးမြို့၊ ရပ်ကွက်(၁) မြို့အဝင်မုခ်ဦးအနီး ရန်တိုင်းအောင်ဘုရားဝင်း အရှေ့ပန်းခြံအနီးရှိ ကားများရပ်နား ထားသည့်နေရာ၌ ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် Honda Fit အနီရောင် ယာဉ်ပေါ်မှ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့ကြောင်း၊ အဆိုပါအကြမ်းဖက်သမားမျာ၏ ဗုံးထောင်ဖောက်ခွဲမှုကြောင့် ဘုရားဖူးလာရောက် ကြသည့် အပြစ်မဲ့ ပြည်သူ လေးဦးသေဆုံးခဲ့ပြီး အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

      အထက်ပါဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပိုဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ နှစ်သစ်ကူး အကြိုအခါသမယတွင် ဘုရားဖူးဒေသခံပြည်သူများနှင့် ပန်းခြံသို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည့်နေရာကို ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။