PDF အမည်ခံအကြမ်းဖက်သမားများက မုံရွာမြို့ရှိ အများပြည်သူ သွားလာအသုံးပြုနေသည့် ဇက်ဆိပ်တွင် လက်လုပ်တိုက်မိုင်းများ ထောင်ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျဖယ်ရှားရှင်းလင်း
PDF အမည်ခံအကြမ်းဖက်သမားများက မုံရွာမြို့ရှိ အများပြည်သူ သွားလာအသုံးပြုနေသည့် ဇက်ဆိပ်တွင် လက်လုပ်တိုက်မိုင်းများ ထောင်ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျဖယ်ရှားရှင်းလင်း
Ministry of Information/ Naypyitaw / May 04, 2025

နေပြည်တော် မေ ၃
PDF အမည်ခံအကြမ်းဖက်သမားများသည် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်၊ ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်နေမှုများကို နှောင့်ယှက်ရန်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲများဖြစ်ပေါ်စေရန်နှင့် အကြောက်တရားများ ပိုမိုဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ၊ လမ်း၊ တံတားများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ဖောက်ခွဲဖျက်ဆီးခဲ့
ထိုသို့ လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာတောင်ရပ်ကွက် မုံရွာတောင်ဇက်ဆိပ် (မုံရွာ-ညောင်ပင်ကြီး ကူးတို့ဆိပ်)ရှိ ပြည်သူများနှင့် ယာဉ်များ အတက်အဆင်းပြုလုပ်ရာနေရာ၌ လက်လုပ်တိုက်မိုင်းများ ထောင်ထားကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးစဉ် ယနေ့နံနက် ၇ နာရီ မိနစ် ၂၀ ခန့်တွင် အဆိုပါ ဇက်ဆိပ်၌အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်တိုက်မိုင်းငါးလုံးကိုတွေ့ရှိရသဖြင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမဖြစ်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးအန္တရာယ်ကင်းရှင်းစွာ စနစ်တကျဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ပြည်သူများအပေါ် ထိခိုက်ပျက်စီးဒဏ်ရာရရှိစေရန် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
