PDF အမည်ခံ အကြမ်းဖက်သမားများက ကလေးမြို့တွင်းသို့ Suicide Drone ဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများရရှိ

PDF အမည်ခံ အကြမ်းဖက်သမားများက ကလေးမြို့တွင်းသို့ Suicide Drone ဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများရရှိ


Ministry of Information/ Naypyitaw / October 19, 2025
image_latest


နေပြည်တော်  အောက်တိုဘာ ၁၉

PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏ကိုယ်ကျိုးစီးပွားနှင့် အစွန်းရောက်နိုင်ငံရေးခံယူချက်များအတွက် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်နေကြသည့် ပြည်သူလူထုအား လက်နက်အားကိုးဖြင့် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းတို့ကို ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိကြရာ ယနေ့နံနက်ပိုင်းတွင်လည်း ၎င်းတို့ထိန်းချုပ်မောင်းနှင်ပြီး အကြောင်းမဲ့ပစ်ခတ်ခဲ့သည့် Suicide Drone ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ဒေသခံပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

PDF အမည်ခံ အကြမ်းဖက်သမားများသည် ယနေ့နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်တွင် Suicide Drone တစ်စင်းကို ကလေးမြို့၏ အနောက်တောင်ဘက် မီတာခန့်အကွာ နဂါးဗွက် ကျေးရွာအနီးမှ လွှတ်တင်၍ စစ်ရေးပစ်မှတ်မဟုတ်ဘဲ အများပြည်သူများနေထိုင်လျက်ရှိသည့် ကလေးမြို့အတွင်းသို့ အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ပင်လုံရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ဦးထန်ရှန်းခိုင် (၃၄) နှစ် နှင့် ဒေါ်ပန်ကီး (၅၀) နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ၎င်းတို့အား ကလေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အများပြည်သူအေးချမ်းစွာနေထိုင်လျက်ရှိသည့် စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများအား အကြမ်းဖက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေမှုတို့ကို ဒေသခံပြည်သူများက ပြင်းထွန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,