PDF အမည်ခံ အကြမ်းဖက်သမားများက မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီး သာသနာ ၂၅၀၀ ဝန်းအတွင်း လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲ

PDF အမည်ခံ အကြမ်းဖက်သမားများက မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီး သာသနာ ၂၅၀၀ ဝန်းအတွင်း လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲ


Ministry of Information/ Naypyitaw / January 16, 2022
image_latest


နေပြည်တော်  ဇန်နဝါရီ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ် အနီး သာသနာ ၂၅၀၀ ဝန်းအတွင်း၌ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စိစစ်ခဲ့ရာ ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီခန့်တွင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အနီး သာသနာ ၂၅၀၀ ဝင်းမြောက်ဘက် ၄၅ လမ်းဘက်မှနေ၍ click ဆိုင်ကယ် အမျိုး အစားဖြင့် စီးနင်းလာသည့် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး က လက်လုပ် မိုင်းဖြင့် ပစ်ပေါက်ခဲ့ရာ ၎င်းဝင်းအတွင်းရှိ အဆောင်ရှေ့ ပန်းစိုက်ခင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါပေါက်ကွဲမှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ရဟန်း၊ သံဃာတော်များအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ သီတင်းသုံးဆောင်ရာ ဘုန်းတော်ကြီး ကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း များကို လုပ်ဆောင်လျက်ရှိသည့်အပြင် ယခုကဲ့သို့ ပြည်သူတစ်ရပ်လုံး၏ အထွတ်အမြတ်ထား ပူဇော်လျက် ရှိသော မဟာမုနိရုပ်ရှင် တော်မြတ်ကြီးပါမကျန် သာသနာတော်ညှိနွမ်းပျက် စီးစေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် လုပ်ဆောင်ခဲ့မှုအပေါ် ပြည်သူတစ်ရပ်လုံးက ရွံရှာမုန်းတီး လျက်ရှိကြောင်း သတင်းရရှိသည်။