Recovery Conference For Myanmar Earthquake ဆွေးနွေးပွဲပြုလုပ်

Recovery Conference For Myanmar Earthquake ဆွေးနွေးပွဲပြုလုပ်


Ministry of Information/ Naypyitaw / June 07, 2025
image_latest


ရန်ကုန် ဇွန် ၆

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ရေးဆိုင်ရာ Recovery Conference For Myanmar Earthquake ကို ယမန်နေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲတွင် ပြုလုပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC)မှ Mr. Xavier Castellanos, Under secretary General, National Society Development and Coordination တို့က အမှာစကားပြောကြားသည်။

နှုတ်ခွန်းဆက်စကားပြောကြား

ဆက်လက်ပြီး Mr. Alexander Matheou, Regional Director for Asia Pacific, IFRC နှင့် Mr. Regis Savioz, Regional Director for Asia and the Pacific, ICRC တို့က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Khoury တို့က လက်ရှိဆောင်ရွက်နေသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပြန်လည်ထူထောင်ရေးအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်မည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက ငလျင်တုံ့ပြန်ဆောင်ရွက်နေမှုများ၊ ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်စွမ်းတိုးမြှင့်ရေးဆိုင်ရာ လိုအပ်ချက်များ၊ စွမ်းဆောင်နိုင်မှုများနှင့် ရည်မှန်းချက်များ၊ ရန်ပုံငွေဖြည့်တင်းပေးမည့် အစီအစဉ်များ၊ ပြန်လည်ထူထောင်ရေးအပိုင်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အလုပ်အမှုဆောင်ပါမောက္ခ ဒေါက်တာ ဒေါ်ရီရီတင်နှင့် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်နှင့် ဒေါ်သင်းသင်းအောင်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) မှ တာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,