နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်သည့် တရားဝင်ခရီးစဉ် (ပဉ္စမနေ့)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်သည့် တရားဝင်ခရီးစဉ် (ပဉ္စမနေ့)


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / October 24, 2019


(၂၄-၁၀-၂၀၁၉ ရက်၊ ရန်ကုန်မြို့)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် ဂျပန်ဧကရာဇ် ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၂၄ ရက် ဒေသစံတော်ချိန် ၁၁၃၀ နာရီချိန်တွင် ဂျပန်နိုင်ငံမှ All Nippon Airways လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်သူ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီးတင်စိုး၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် သံရုံးမိသားစုများက Narita လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ရန်ကုန်မြို့သို့ ၁၆၀ဝ နာရီတွင် ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြကြောင်း သိရှိရပါသည်။