(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပ


ကာကွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / January 10, 2024


၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်တွင် နေပြည်တော် မြို့တော် ခန်းမရှေ့ ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

             ရှေးဦးစွာ ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုကျင်းပခဲ့ရာ အလံတင်တပ်စုက တိုင်းရင်းသား၊ တိုင်းရင်းသူများခြံရံ၍ နိုင်ငံတော်  အလံကို လွှင့်တင်ခဲ့ပြီး (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့   ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူစိုးဝင်းသည်  ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကာ လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံတော်အလံကို အလေးပြုခဲ့ကြပါသည်။

ယင်းနောက် ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်မတော်သားများအား အလေးပြုသစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုး မဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေအခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး ဂုဏ်ပြတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကာ  အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

(မြဝတီသတင်းစာ ၅-၁-၂၀၂၄)