ဘိုး/ဘွား ထောက်ပံ့ကြေး လျှောက်ထားခြင်း (မကွေးတိုင်းဒေသကြီး)


Magway Region Government / September 23, 2021

ဘိုး/ဘွား ထောက်ပံ့ကြေး လျှောက်ထားခြင်း

သတ်မှတ်ကာလတွင် အသက် (၉၀)နှစ် ပြည့်ပြီးသော ဘိုး/ဘွားများအား လူမှုရေးပင်စင်လျှောက်ထားရာတွင် 

  • လျှောက်ထားသူ ဘိုး/ဘွား၏ (၁ လက်မခွဲ x ၂ လက်မ) အရွယ် ပတ်စ်ပို့ပုံ (online မှ လျှောက်ထားခြင်း မဟုတ်ပါက ပတ်စ်ပို့ပုံ ၁၀ ပုံ လိုအပ်ပါသည်)
  • အသက်အထောက်အထားအတွက် လျှောက်ထားသူဘိုး/ဘွား၏ နိုင်ငံသား စိစစ်ရေးကတ်မိတ္တူ (သို့မဟုတ်) မှတ်ပုံတင်မိတ္တူ (သို့မဟုတ်) သက်ဆိုင်ရာမြို့နယ် လဝက၏ ထောက်ခံချက်
  • သက်ဆိုင်ရာ ဘိုး/ဘွား၏ အိမ်ထောင်စုဇယားမိတ္တူ
  • သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၏ ရပ်/ကျေးအတွင်း နေထိုင်ကြောင်း ထောက်ခံချက်
  • သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်

စသည့်အချက်များကို ပြည့်စုံစွာစုစည်း ပေးပို့လျှောက်ထားနိုင်ပါသည်။

Download Files

Service 4.1.pdf

 

Online Application

Service 4.1 Online Form



FAQs