ဝန်ဆောင်မှု (အော့ဖ်လိုင်း) - ၅၄ ခု ဆက်လက်ကြည့်ရှုရန်

ကုန်းလမ်းပို့ဆောင်ရေးဆိုင်ရာဝန်ဆောင်မှုများ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / November 02, 2018

Rating

မြန်မာ့မီးရထား၏ ခရီးစဉ်အလိုက် လက်မှတ်ခနှုန်းထားများ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / November 01, 2018

Rating

ရေယာဉ်များဆိပ်ကမ်း နယ်နိမိတ်အတွင်း သွားလာခွင့်ပြုမိန့် (Permit to Ply) ထုတ်ပေးခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / November 02, 2018

Rating

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းတက်ရောက်ရန် ရက်ချိန်းရယူရန် လျှောက်ထား ခြင်း (Online Booking System)


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / November 14, 2018

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

လျှောက်ထားလိုသူများသည်-

          ဦးစီးဌာနမှထုတ်ပေးထားသည့်သက်တမ်းရှိ"သ"ယာဉ်မောင်းလိုင်စင် (သို့မဟုတ်) သက်တမ်းရှိ "က" ယာဉ်မောင်းလိုင်စင်ရှိရမည်။

ဝန်ဆောင်ခ

          သင်တန်းကြေး  -  ၅၀၀ဝိ/-(ကျပ်)

Online Booking ရယူရန်အတွက် ဝန်ဆောင်ခ မှာ အခမဲ့ ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

          (က)    "သ"ယာဉ်မောင်းလိုင်စင်(သို့မဟုတ်)"က" ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)

          (ခ)    နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)

လျှောက်ထားရန်အဆင့်များ

          အောက်ပါ အချက်အလက်များကို Online Appointment Application Form တွင် ရွေးချယ်ဖြည့်စွက်ရန်-

          (က)    လာရောက်သင်တန်းတက်မည့်ရုံးအမည်၊

          (ခ)     လိုင်စင်အမျိုးအစား၊

          (ဂ)     လက်ရှိလိုင်စင်အမှတ်၊

          (ဃ)    လက်ရှိလိုင်စင်ထုတ်ပေးထားသည့်ရုံး၊

          (င)     သင်တန်းတက်ရောက်မည့်ရက်၊

          (စ)     သင်တန်းတက်ရောက်မည့်အချိန်၊    

Online Booking ရယူရန်အတွက် 

ရန်ကုန်တိုင်းဒေသကြီးအတွင်းယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသင်တန်းရက်ချိန်းလျှောက်လွှာပုံစံ တွင်  ဖြည့်စွက်၍ Booking ရယူနိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

          ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သံသုမာလမ်း နှင့် မြင်သာလမ်းထောင့်၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။   

          Online Booking လျှောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက
           ဖုန်း - 09 781 425 403, 09 974885896, 09 254 513 042 များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Website လိပ်စာ

www.rtad.gov.mm

ဖြည့်စွက်ချက်

          ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး(ရန်ကုန်) တွင် “ခ” ယာဉ်မောင်းလိုင်စင် ဖြေဆိုခွင့်လျှောက်ထားသူများအား ယခင်က ယာဉ်မောင်းသင်တန်းဆင်းလက်မှတ် တင်ပြနိုင်မှသာဖြေဆိုခွင့်ပြုမည်ဖြစ်ပြီးယခု သင်တန်းဆင်းလက်မှတ်မလိုအပ်ဘဲ ဖြေနိုင်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးသင်တန်းကို လက်ခံဖွင့်လှစ် သင်ကြားပေးလျက်ရှိပါ သည်။