Requirements to take appointment for driving license test in Yangon through online booking system


Ministry of Transport and Communications / November 14, 2018

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

"ခ" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ-

  • အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။
  • ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် "သ" ယာဉ်မောင်းလိုင်စင်(သို့မဟုတ်) "က" ယာဉ်မောင်းလိုင်စင်သက်တမ်း(၃)လပြည့်ပြီး သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။
  •  ဦးစီးဌာနမှဖွင့်လှစ်သည့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းပညာပေးသင်တန်း တက်ရောက်ပြီးသူ(သို့မဟုတ်) ဦးစီးဌာနတွင်မှတ်ပုံတင်ထားသော ယာဉ်မောင်း သင်တန်းကျောင်း မှ တက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ်ပါရှိရမည်။

 "ဃ" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ -

  • အသက်(၂၁)နှစ် ပြည့်ပြီးသူဖြစ်ရမည်။
  • ပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်)ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများဖြစ်ရမည်။
  • ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် "ခ" ယာဉ်မောင်းလိုင်စင် သက်တမ်း(၃)နှစ် ပြည့်ပြီး သက်တမ်းရှိလိုင်စင်ဖြစ်ရမည်။
  • အခြားတိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံးများ၏"ခ"ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီး ရန်ကုန်တိုင်း လိုင်စင်ပြောင်းလဲရရှိ ပြီးဖြစ်ရမည်။

 "င" ယာဉ်မောင်းလိုင်စင်ရယူလိုသူများ -

  • အသက်(၂၃)နှစ် ပြည့်ပြီးသူဖြစ်ရမည်။
  • ပြည်ထောင်စုမြန်မာနိုင်ငံသား(သို့မဟုတ်)ဧည့်နိုင်ငံသား(သို့မဟုတ်) နိုင်ငံသား ပြုခွင့်ရသူများဖြစ်ရမည်။
  • ရန်ကုန်တိုင်းမှထုတ်ပေးထားသည့် “ဃ”ယာဉ်မောင်းလိုင်စင်သက်တမ်း(၂)နှစ် ပြည့်ပြီးသူ(သို့မဟုတ်) တစ်ဆက်တည်း“ခ” ယာဉ်မောင်းလိုင်စင်(၅)နှစ်ပြည့်ပြီးသူ (သို့မဟုတ်) “ခ”ယာဉ်မောင်းလိုင်စင်သက်တမ်းနှင့် ”ဃ”ယာဉ် မောင်းလိုင်စင် သက်တမ်းစုစုပေါင်း တစ်ဆက်တည်း (၅)နှစ်ပြည့်ပြီးသူ၊ သက်တမ်းရှိယာဉ် မောင်းလိုင်စင်များဖြစ်ရမည်။
  • အခြား တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံးများ၏ "ခ"ယာဉ်မောင်းလိုင်စင် (သို့) "ဃ" ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းအတွင်းရှိ ရုံးများတွင် နယ်ဝင် ဆောင်ရွက်ပြီး ရန်ကုန်တိုင်းလိုင်စင်ပြောင်းလဲရရှိ ပြီးဖြစ်ရမည်။ 

ဝန်ဆောင်ခ

ယာဉ်မောင်းစစ်ဆေးခ

လိုင်စင်အသစ်အားလုံးအတွက် စစ်ဆေးခ(တစ်ကြိမ်လျှင်)၂၀၀ဝိ/-

ယာဉ်ငှားရမ်းခ

  •  "ခ"၊ "ဃ" တစ်ကြိမ်အတွက်      ၅၀၀ဝိ/-
  • "င" တစ်ကြိမ်အတွက်             ၁၀၀၀ဝိ/-    
  • Simulator တစ်ကြိမ်အတွက်    ၅၀၀ဝိ/-

Online Booking ရယူရန်အတွက် ဝန်ဆောင်ခ မှာ အခမဲ့ ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

"ခ"လိုင်စင်ဖြေဆိုသူများ

  • သင်မောင်းလိုင်စင်(မူရင်း/မိတ္တူ)
  • နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)
  • ယာဉ်မောင်းသင်တန်းတက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ် (မူရင်း/မိတ္တူ)
  • QR Code ပါသည့် Appointment Letter Printout စာရွက်(သို့)လက်ခံ ရရှိသည့် mail အထောက်အထား(phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

"ဃ"လိုင်စင်ဖြေဆိုသူများ

  • "ခ"ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)
  • နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)
  • QR Code ပါသည့် Appointment Letter Printout စာရွက်(သို့)လက်ခံရရှိ သည့် mail အထောက်အထား(Phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

"င "လိုင်စင်ဖြေဆိုသူများ

  • "ခ"(သို့)"ဃ"ယာဉ်မောင်းလိုင်စင်(မူရင်း/မိတ္တူ)
  • နိုင်ငံသားစိစစ်ရေးကတ်(မူရင်း/မိတ္တူ)
  • QR Code ပါသည့် Appointment Letter Printout စာရွက်(သို့) လက်ခံရရှိ သည့် mail အထောက်အထား(phone or Tablet or Notebook) တစ်ခုခု ဖြင့်တင်ပြနိုင်သည်။

လျှောက်ထားရန်အဆင့်များ

            အောက်ပါအချက်အလက်များကို Online Appointment Application Form တွင် ရွေးချယ် ဖြည့်စွက်ရန် -

          (က)    လာရောက်ဖြေဆိုမည့်ရုံးအမည်၊

          (ခ)     ရယူလိုသည့်လိုင်စင်အမျိုးအစား၊

          (ဂ)     လာရောက်ဖြေဆိုမည့်နေ့၊

          (ဃ)    လာရောက်ဖြေဆိုမည့်အချိန်၊

          (င)     လက်ရှိလိုင်စင်အမှတ်၊

          (စ)     လက်ရှိလိုင်စင်ထုတ်ပေးထားသည့်ရုံး၊

Online Booking ရယူရန်အတွက်

 ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ ရက်ချိန်းရယူရန် လျှောက်လွှာပုံစံ တွင် ဖြည့်စွက်၍ Booking ရယူနိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သံသုမာလမ်းနှင့်မြင်သာလမ်းထောင့်၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။         

Online Booking လျှောက်ထားမှုတွင် အဆင်မပြေမှုများနှင့် သိရှိလိုသည်များရှိပါက

ရန်ကုန်ရုံး
ဖုန်း - 09 781 425 403, 09 974885896, 09 254 513 042 များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Website လိပ်စာ

www.rtad.gov.mm

ဖြည့်စွက်ချက်

  • ယာဉ်မောင်းလိုင်စင်ရယူလိုသူများ များပြားလာသဖြင့် လိုင်စင်ဖြေဆိုလိုသူများအနေ ဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊
  • အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခြင်း အဆိုပါအခက်အခဲများ လျော့နည်း သွားစေ ရန်အတွက် လူကိုယ်တိုင်လာရောက်ရန် မလိုအပ်သော (Online Booking System) ကိုပြောင်းလဲကျင့်သုံးခြင်းဖြစ်ပါသည်။