ကျေးလက်လမ်းများ ရာသီမရွေးကောင်းမွန်ရေးမှသည် စီးပွားရေးဖွံ့ဖြိုးရေးဆီသို့

Ministry of Cooperatives and Rural Development | Jul 22, 2024

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ၂၀၁၇ ခုနှစ်၌ ကျေးလက်လမ်းမဟာဗျူဟာနှင့်အတူ မွေးဖွားလာပြီး မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဦးစီးဌာန ဖြစ်ပါတယ်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာ (၂၀၁၇-၂၀၃၀)ကို ၂၀၁၇ ခုနှစ်တွင် Asia Development Bank (ADB)၏ အကူအညီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသ ဖွွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးဆောင်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန တို့မှ ပူးပေါင်းရေးဆွဲခဲ့ကြပါသည်။

          မဟာဗျူဟာရဲ့ ရည်မှန်းချက်ကတော့ ၂၀၃၀ ပြည့်နှစ် တွင် မှတ်ပုံတင်ထားသော ကျေးရွာများ ၏ (၈၀ %) နှင့် ရာသီမရွေးသွားလာအသုံးပြုနိုင်သော လမ်းများဆောင်ရွက်ရန် ဖြစ်ပါတယ်။ လူဦးရေ (၁,၀၀၀)အထက်ရှိသော ကျေးရွာအားလုံး ၂၀၂၀ ပြည်နှစ်တွင် ၎င်းလူဦးရေ (၅၀၀)နှင့်အထက် မှတ်ပုံတင်ထားသော ကျေးရွာများရဲ့ (၉၅ %) အား ၂၀၂၅ ခုနှစ်တွင် ရာသီမရွေးသွားလာနိုင်သော လမ်းများဖြစ်ရန် လျာထားဆောင်ရွက်ခဲ့ပါတယ်။

          ၂၀၁၆ ခုနှစ်၊ ဩဂုတ်လအထိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့မှ ပူးပေါင်းစီမံခန့်ခွဲလျက်ရှိသော မှတ်ပုံတင်ပြီးဖြစ်သည့် ကျေးလက်လမ်းမိုင်ပေါင်း (၆၀,၀၀၀) ရှိပါသည်။ ကျေးရွာချင်းဆက်လမ်း၏ (၆%)သာ ရေပိတ်လွှာမျက်နှာပြင်ဖြစ်သည့် ကွန်ကရစ် သို့မဟုတ် ကတ္တရာမျက်နှာပြင်များဖြစ်ပြီး (၂၈ %) သော လမ်းများသည် အမာခံလမ်း (ကျောက်အရော မျက်နှာပြင် သို့မဟုတ် ကျောက်စရစ် မျက်နှာပြင်၊ သို့မဟုတ် မြေနီ) မျက်နှာပြင်များ ဖြစ်ပါသည်။ ယင်းသည် ကျေးလက်လမ်းများ၏ သုံးပုံ တစ်ပုံ ခန့်သည် လတ်တလော အဆင့်မြင့် ထားသော မျက်နှာပြင်များ ရှိနေပြီး အများစုမှာ တစ်နှစ်ပတ်လုံး သွားလာနိုင်မည်ဟု ဆိုလိုခြင်းပင် ဖြစ်ပါသည်။ ကျန်ရှိသော ကျေးလက်လမ်းများ၏ သုံးပုံ နှစ်ပုံသည် မြေသားလမ်းများ ပါဝင်ပြီး ယင်းလမ်းများကို ခြောက်သွေ့ရာသီများတွင်သာ အသုံးပြုသွားလာနိုင်ပါသည်။ (၆၀,၀၀၀)မိုင် အရှည် ရှိသော မှတ်ပုံတင်ပြီးသည့် ကျေးလက်လမ်းများအပြင် (၆,၀၀၀)မိုင်ခန့် အရှည်ရှိသော ဂျစ်ကားနှင့် ဆိုင်ကယ်များအတွက် လမ်းများ၊ လှည်းလမ်းများနှင့် လူသွားလမ်းများလည်း ရှိပါသေးသည်။ ၎င်း လမ်းအများစုသည် ချင်းပြည်နယ်တွင်ရှိပါသည်။ မဟာဗျူဟာ ရေးဆွဲခဲ့သည့် ၂၀၁၇ ခုနှစ် ကာလ၌ ပြည်နယ်/ တိုင်းဒေသကြီးအလိုက် လမ်းမျက်နှာပြင် အမျိုးအစားအလိုက် ကျေးလက်လမ်း(မိုင်) အခြေပြုပုံကို ဖော်ပြထားပါသည်-

          ဖော်ပြပါပုံအရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော ကွန်ကရိ/ ကတ္တရာ၊ ကျောက်/ ဂဝံနှင့် မြေသားလမ်းမိုင်အနေဖြင့် (၄၇,၁၅၃)မိုင်နှင့် ရာခိုင်နှုန်း အနေဖြင့် (၈၀) ရာခိုင်နှုန်းရှိပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သော ကွန်ကရိ/ ကတ္တရာ၊ ကျောက်/ ဂဝံနှင့် မြေသားလမ်းမိုင်အနေဖြင့် (၁၂,၃၀၈)မိုင်နှင့် ရာခိုင်နှုန်းအနေဖြင့် (၂၀) ရာခိုင်နှုန်းရှိပြီး စုစုပေါင်းလမ်းမိုင် (၅၉,၄၆၁)မိုင်နှင့် (၁၀၀)ရာခိုင်နှုန်း အသီးသီး ဖြစ်ပါတယ်။

မဟာဗျူဟာ အကောင်အထည်ဖော်မှု

          ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မဟာဗျူဟာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အနေဖြင့် (၇)နှစ်တာ ကာလအတွင်း (၂၀၁၇-၂၀၁၈ မှ ၂၀၂၃-၂၀၂၄ အထိ) (၁၉,၄၂၈)မိုင်ကျော် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။

လမ်းအမျိုးအစား           မိုင်    /   ဖာလုံ           တံတားအမျိုးအစား        အရေအတွက်     ပေ

ကွန်ကရစ်လမ်း        -    ၂၅၂၅ / ၄.၂၇             ကွန်ကရိ                -    ၃,၄၅၁ စင်း        ၂၂၆,၁၈၇ ပေ

ကတ္တရာလမ်း          -    ၁၇၇၇ / ၀.၁              သစ်သား                -    ၈၄   စင်း           ၃,၆၀၀    ပေ

ကျောက်ချောလမ်း   -    ၃၁၇၃ / ၁.၆              ကြိုး/ ဘေလီ           -    ၂၅၁  စင်း          ၃၉,၈၃၂   ပေ

ဂဝံ/ ဂျင်းကျောက်    -    ၆၀၉၁ / ၂.၁၃            ရေကျော်                -    ၆၄၇ စင်း           ၄၈,၆၈၁  ပေ

မြေသားလမ်း          -    ၅၈၆၁ / ၁.၈၅            Box/ Pipe Culvert  -    ၉,၆၀၄ စင်း        ၄၃,၆၁၀  ပေှ

စုစုပေါင်း                -    ၁၉၄၂၈မိုင်/၁.၉၅ဖာလုံ စုစုပေါင်း               -    ၁၄,၀၃၇ စင်း     ၃၆၁,၉၁၀ ပေ

 ကျေးလက်လမ်း/ တံတားများ အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ပုံငွေ(ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ်) ရရှိမှုအနေဖြင့် အနည်းဆုံးခုနှစ်မှာ ၂၀၁၇ ဘဏ္ဍာနှစ်ဖြစ်ပြီး (၁၄၀) ဘီလီယံရရှိခဲ့၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အများဆုံး (၅၅၈) ဘီလီယံ ရရှိခဲ့တာ တွေ့ရပါတယ်။

          မြေသားလမ်းများသည် ခြောက်သွေ့ရာသီတွင်သာ သွားလာနိုင်ပြီး ဂဝံနှင့် ဂျင်းကျောက်များ သည် မိုးနည်းဒေသများတွင် ရာသီမရွေးသွားလာအသုံးပြုနိုင်ပါသည်။ ရာသီမရွေးသွားလာနိုင်သော လမ်းများ ဆောင်ရွက်နိုင်ခဲ့မှုသည် ၁၃၅၆၇ မိုင်/ ၀.၁ ဖာလုံနှင့် မြေသားလမ်း ၅၈၆၁ မိုင်/ ၁.၈၅ ဖာလုံ ဆောင်ရွက်နိုင်ခဲ့ပါသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်သို့ သွတ်သွင်းဖွဲ့စည်းခဲ့ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တို့ ပေါင်းစပ်ညှိနှိုင်းပြီး ဌာနအလိုက် ဆောင်ရွက်သင့်သည့် လမ်းများကို အမျိုးအစားအလိုက် ခွဲဝေ သတ်မှတ် ဆောင်ရွက်ခဲ့ကြပါသည်။

          ဝန်ကြီးဌာန (၃) ခုမှ ပိုပြီး ဆောင်ရွက်နိုင်မည့် အနေအထားဖြစ်ကြောင်း သုံးသပ်မိပါသည်။ သို့သော် ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုရှိဖို့ လိုအပ်တာဖြစ်တဲ့အတိုင်း ပုံမှန်ဆက်သွယ် ညှိနှိုင်းမှု အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့် တစ်နှစ်လျှင် (၂)ကြိမ် ကျင်းပသည့် အစည်းအဝေးများတွင်လည်း ညှိနှိုင်းဆောင်ရွက်သည့်စနစ် ချမှတ်ဆောင်ရွက်နေပါတယ်။ ညှိနှိုင်း ဆောင်ရွက်တဲ့နေရာမှာ ကုန်ထုတ်လမ်းများနှင့် ကျေးလက်လမ်းကွန်ယက်များ ချိတ်ဆက်မှု၊ ရွာတွင်း လမ်းများနှင့် ကျေးလက်လမ်းကွန်ယက်များ ချိတ်ဆက်မှု၊ ကျေးလက်လမ်းများနှင့် မြို့ချင်းဆက် လမ်းများ ချိတ်ဆက်မှုများ စနစ်တကျရှိရေး၊ စီမံကိန်းများ မထပ်စေရေးနှင့် ဦးစားပေးရွေးချယ်မှုများ ထိရောက်စေရေးတို့ကို မြို့နယ်အဆင့်မှသည် ပြည်ထောင်စုအဆင့်အထိ ညှိနှိုင်းတိုင်ပင် ပေါင်းစပ် ဆောင်ရွက်နေကြပါသည်။

          ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲခွင့်ရှိသော မှတ်ပုံတင်ထားသည့်လမ်းစာရင်းနှင့် မှတ်ပုံမတင်ရသေးသော်လည်း ဆောင်ရွက်ပေးထားမှု စာရင်းများအရ ၂၀၂၃-၂၀၂၄ နှစ်ကုန်တွင် လမ်းမိုင်ပေါင်း (၄၃,၉၇၇)မိုင် (၄)ဖာလုံ ရှိပါသည်။

 

ရာသီမရွေးသွားလာနိုင်သော လမ်းမိုင် (၁၄,၁၂၀)မိုင် (၇.၁၈) ဖာလုံ (၃၂.၁၁)%

 

          (က)   ကွန်ကရိလမ်း                             ၂,၆၂၃ မိုင်     ၂.၈၃ ဖာလုံ

 

          ( ခ )   ကတ္တရာလမ်း                             ၂,၁၅၉ မိုင်     ၂.၄၆ ဖာလုံ

          ( ဂ )   ကျောက်လမ်း                             ၅,၁၈၂ မိုင်     ၅.၄၃ ဖာလုံ

          (ဃ)   ဂဝံ/မြေနီ/ကျောက်စရစ်                ၄,၁၅၅ မိုင်    ၄.၄၆ ဖာလုံ

 

ခြောက်သွေ့ရာသီတွင် သွားလာနိုင်သော လမ်းမိုင် (၂၉,၈၅၆)မိုင် (၄.၈၆) ဖာလုံ

(၆၇.၈၉)%

 

                   (ရာသီမရွေး)

 

          ( င )   မြေသားလမ်း (ခြောက်သွေ့ရာသီ)  ၂၅,၉၁၃ မိုင်   ၁.၇၅ ဖာလုံ

          ( စ )   ဆိုင်ကယ်လမ်း                           ၃,၉၄၃ မိုင်     ၃.၁၁ ဖာလုံ                     

                   စုစုပေါင်း                                    ၄၃,၉၇၇ မိုင်  ၄.၀၄ ဖာလုံ

          ရာသီမရွေးသွားလာနိုင်သောလမ်းမှာ (၃၂.၁၁) % သာရှိပြီး ခြောက်သွေ့ရာသီမှ သွားလာနိုင် သော မြေသားလမ်းနှင့် အဆင့်မြှင့်ရန်လိုအပ်သည့် ဆိုင်ကယ်လမ်းများက (၆၇.၈၉) % ရှိတာမို့ ၂၀၃၀ ပြည့်နှစ်အထိ ယခု ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်မှစ၍ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ (၆)နှစ်အတွင်း မူလ ရည်မှန်းထားသည့် ကျေးရွာအားလုံးရဲ့ (၈၀%) ရာသီမရွေးသွားလာနိုင်သော လမ်းများအဖြစ် အဆင့်မြှင့်တင်ရန်မှာ စိန်ခေါ်မှုများစွာ ရှိနေတာကို သုံးသပ်တွေ့ရှိရပါတယ်။

စိန်ခေါ်မှုများ

          အဓိကစိန်ခေါ်မှုများကတော့ ဒေသတည်ငြိမ်အေးချမ်းမှုမရှိလို့ အထူးသဖြင့် တိုင်းရင်းသား ဒေသများမှာ လိုအပ်ချက်များပြီး ဒေသတွင်းအခြေအနေများအရ ဖွံ့ဖြိုးရေးလုပ်ငန်းများ မလုပ်နိုင် တာကို တွေ့ရပါတယ်။ ဒါ့အပြင် အခြေအနေအရ ၎င်းဒေသတွေမှာ ပုံမှန်ဈေးနှုန်းထက် ၂ ဆ/ ၃ဆ များနေတဲ့အတွက် စီးပွားရေးတွက်ခြေကိုက်မှု မရှိတာကို တွေ့ရပါတယ်။ ယင်းအခြေအနေများ ကြောင့် ဘဏ္ဍာငွေရရှိမှုဟာလည်း အကန့်အသတ် ရှိလာပါတယ်။

ရာသီမရွေးသွားလာနိုင်မှု

          ရာသီမရွေး သွားလာနိုင်သော ကျေးရွာများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်တွင် (၁၈,၈၈၃)ရွာ ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်တွင် (၂၀,၇၀၄)ရွာအထိ ရှိလာမည်ဖြစ်ပါသည်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ရမည့် ကျေးရွာပေါင်းမှာ စာရင်းများအရ (၄၁,၆၂၀) ရွာရှိပြီး ၂၀၂၃ခုနှစ်GADစာရင်းအရ တစ်နိုင်ငံလုံးရှိ ကျေးရွာပေါင်း(၆၃,၂၁၇)ရွာဖြစ်လို့ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော ကျေးလက်လမ်းများကို အသုံးပြုမည့် ကျေးရွာများမှာ (၆၅.၈၄) % ဖြစ်ကြောင်းတွေ့ရှိရပါသည်။ မှတ်ပုံမတင်ရသေးသော ကျေးရွာများအတွက်ပါ ဆောင်ရွက်နေရတာမို့ ကျေးရွာ(၇၀%)ခန့်ကို ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ကျန်ကျေးရွာတွေကတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဉီးစီးဌာနမှ ဆောင်ရွက်နေသော အမြန်လမ်းများ၊ မြို့ချင်းဆက်လမ်းများပေါ်တွင် (၁၅ % မှ ၂၀ % အထိ) ခန့် တည်ရှိပြီး မြို့ချင်းဆက်လမ်းများပေါ်တွင် တည်ရှိ၍ ရာသီမရွေးသွားနိုင် သည့် အနေအထားဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော နယ်စပ် ဒေသလမ်းများပေါ်တွင် (၁၅%)ခန့်ရှိနိုင်ကြောင်း သုံးသပ်ရရှိပါတယ်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနအနေဖြင့် ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ မျှော်မှန်းချက်ထားပြီး မဟာဗျူဟာကို ဆောင်ရွက်လျက် ရှိပါတယ်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့် ရာသီမရွေးသွားလာနိုင်သော ကျေးရွာ ပေါင်း (၃၅,၇၅၀) ခန့်ဖြစ်အောင် လျာထားဆောင်ရွက်မှာဖြစ်လို့ (၈၅ %)ခန့်ဟာ ရာသီမရွေး သွားလာနိုင်ရန် မျှော်မှန်းထားပါသည်။

၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်အထိ လျာထားချက်နှင့် ရန်ပုံငွေ လိုအပ်မှု

          ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ဘဏ္ဍာနှစ်အထိ (၇)နှစ်ကာလအတွင်း ကျေးလက်လမ်း မိုင်ပေါင်း (၂၄,၇၀၇) မိုင်/ (၃.၂၅) ဖာလုံကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် လျာထားပြီး ရန်ပုံငွေ လိုအပ်ချက် စုစုပေါင်း (၇,၆၃၈) ဘီလီယံနှင့် တစ်နှစ်လျှင် (၁,၁၀၀) ဘီလီယံခန့် လိုအပ်မှာ ဖြစ်ပါ တယ်။ လျာထားချက်အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲ သော လမ်းများအား အသုံးပြုသည့် ကျေးရွာအားလုံးရဲ့ (၈၀ %)ကို ရာသီမရွေး သွားလာနိုင်ရန် ဖြစ်ပါတယ်။

 

ပြည်နယ်/ တိုင်းဒေသကြီးဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလိုအပ်ချက်နှင့် လုပ်ငန်းစီမံချက်လျာထားမှု

          (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်မှ (၂၀၃၀-၂၀၃၁)ဘဏ္ဍာနှစ်အထိ (၇)နှစ်တာကာလအတွင်း မြန်မာ နိုင်ငံတစ်ဝှမ်းလုံးရှိ ကျေးလက်လမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေ လိုအပ်ချက်အနေဖြင့် စုစုပေါင်း ကျပ်သန်း (၇,၆၃၈)ဘီလီယံရှိပြီး ဘဏ္ဍာရေးတစ်နှစ်အတွက် ပျှမ်းမျှ ရန်ပုံငွေလိုအပ်မှုအနေဖြင့် (၁,၁၀၀)ဘီလီယံခန့် လိုအပ်မည်ဖြစ်ပါသည်။

(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်မှ (၂၀၃၀-၂၀၃၁)ဘဏ္ဍာနှစ်အထိ (၇)နှစ်တာကာလအတွင်း မြန်မာ နိုင်ငံတစ်ဝှမ်းလုံးရှိ ကျေးလက်လမ်းလုပ်ငန်းများကို စီမံဆောင်ရွက်မည့် အခြေအနေမှာ-

          ကွန်ကရစ်/ ကတ္တရာ/ ကတ္တရာထပ်ပိုးလွှာ           -        ၅၇၇၀ မိုင်/ ၇.၇၄ ဖာလုံ

          ကျောက်/ ဂဝံ/ မြေနီ                                       -        ၁၇၀၃၃ မိုင် / ၀.၆၈ ဖာလုံ

          မြေသား                                                        -        ၁၉၀၃ မိုင် / ၂.၈၃ ဖာလုံ

          စုစုပေါင်း                                                       -        ၂၄,၇၀၇ မိုင်/ ၃.၂၅ ဖာလုံ ဖြစ်ပြီး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်မှ (၂၀၃၀-၂၀၃၁)ဘဏ္ဍာနှစ်အထိ (၇)နှစ်တာကာလအတွင်း မြန်မာ နိုင်ငံတစ်ဝှမ်းလုံးရှိ ကျေးလက်တံတားလုပ်ငန်းများကို စီမံဆောင်ရွက်သွားမည့် အခြေအနေမှာ-

          တံတားအမျိုးအစား             အရေအတွက်                            ပေ    

          ကွန်ကရိ                                  ၈၄၈    စင်း                          ၅၈,၃၉၁    ပေ

          Submersible Bridge                ၁     စင်း                          ၂၀၀           ပေ

          ရေကျော်                                   ၄၃      စင်း                          ၃,၄၂၀       ပေ  

          Box Culvert                      ၄,၃၃၂       စင်း                       ၁၉,၄၂၃       ပေ

          အခြား                                     ၂၀၆       စင်း                          ၄၂,၆၄၉    ပေ

                   စုစုပေါင်း                ၅,၄၃၀      စင်း                        ၁၂၄,၀၈၃   ပေ   တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါသည်။

 

ကျေးလက်လမ်းကွန်ယက်များနှင့် စီးပွားရေးဖွံ့ဖြိုးမှု

          ကျေးလက်လမ်းများဆောင်ရွက်မှုသည် ကျေးလက်စီးပွားမြင့်မားရေးအတွက် များစွာ အထောက် အကူဖြစ်လို့ ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါတယ်။

၁။      ကုန်ထုတ်လုပ်မှုမြှင်တင်နိုင်ရေး။    ။ ကုန်ထုတ်လမ်းများ၊ ကျေးလက်လမ်းများ ကောင်းမွန် ခြင်းကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်များသို့ အလွယ်တကူ ချောချော မွေ့မွေ့ ပို့ဆောင်နိုင်စေပြီး ထုတ်လုပ်မှုစွမ်းအားကို မြင့်တက်စေပါတယ်။ သစ်သီးဝလံများ၊ သားငါး များကို ဈေးကွက်သို့ အချိန်မီ ရောက်ရှိစေခြင်းဖြင့် လတ်ဆတ်သော ထုတ်ကုန်များကို ဖြန့်ဖြူး စေနိုင်ပါတယ်။

၂။      ကုန်ကျစရိတ်လျှော့ချနိုင်မှု။ ။ ကျေးလက်လမ်းများ ကောင်းမွန်ခြင်းကြောင့် အချိန်ကို သက်သာစေခြင်းနှင့် သယ်ယူပို့ဆောင်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး စီးပွားရေးလုပ်ငန်းများရဲ့ ကုန်ထုတ်လုပ်မှုစရိတ်ကို လျှော့ချနိုင်ပြီး စီးပွားရေးလုပ်ငန်းများ ပိုမိုထိရောက် အကျိုးများစေပါတယ်။

၃။      အလုပ်အကိုင်ဖန်တီးမှု။       ။ လမ်းများ ကောင်းမွန်လာခြင်းနှင့်အတူ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု စတဲ့အခြေအနေများကြောင့် ကျေးလက်ဒေသများတွင် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ပြီး အလုပ်လက်မဲ့ဦးရေကို လျှော့ချနိုင်ခြင်းအပြင် မိသားစုဝင်ငွေကိုလည်း တိုးပွားလာစေနိုင်ပါတယ်။

၄။      အရင်းအနှီးရယူမှု။    ။ကျေးလက်ဒေသလမ်းကွန်ယက်များ ကောင်းမွန်ခြင်းကြောင့် ဖြစ်ပေါ် လာသော ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံ၍ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှု အခြေအနေများ တိုးပွားလာစေနိုင်ပါတယ်။

၅။      ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ။         ။ ကျေးလက်ဒေသလမ်းကွန်ယက်များ ကောင်းမွန်လာမှုကြောင့် ကျေးလက်ဒေသမှာ နေထိုင်သူ ကျေးလက်ပြည်သူများအတွက် ပညာရေး နှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လွယ်ကူစွာ ရရှိနိုင်ရန် အထောက်အကူဖြစ်စေပါတယ်။

သုံးသပ်တွေ့ရှိချက်များ

          ကျေးလက်လမ်းမဟာဗျူဟာ အကောင်အထည်ဖော်နိုင်မှုကို ပြန်လည်သုံးသပ်ချက်၊ တွေ့ရှိချက်များမှာ-

(က)   မြေပြင်အခြေအနေအမှန် လမ်းစာရင်းများ၊ လမ်းအမျိုးအစားများ၊ အသုံးပြုမှုများနှင့် ဖွံ့ဖြိုးရေးအလားအလာစာရင်း အချက်အလက်များကို မှန်မှန်ကန်ကန်သိရှိနိုင်ရန် MIS စနစ် ထားရှိရန် လိုအပ်ပါတယ်။

( ခ )   စီမံကိန်းလျာထားရာတွင် မဟာဗျူဟာရည်မှန်းချက်ပါ ဦးစားပေးအစီအစဉ် ရွေးချယ် ရာတွင် ကျေးရွာတစ်ရွာအတွက် Core Rural Road Network (CRRN) လမ်းကွန်ယက် (၁)ခု ရှိရေးကို ဦးစားပေးရန်။

 ( ဂ )   လူမှုရေးနှင့် စီးပွားရေးကို အကျိုးပြုမှု အများဆုံးကို ဦးစားပေးလျာထားရန်။

(ဃ)   Paved Road ကွန်ကရိ/ ကတ္တရာလမ်းများအချိုးနှင့် မြေသားလမ်းများမှ ရာသီမရွေး သွားနိုင်မည့် ကျောက်ချောလမ်း/ ဂဝံ/ ရိဇာလမ်းများ လျာထားမှုကို အချိုးအစား မျှတစွာ လျာထားရန်နှင့် စီမံချက်အတိုင်း လျာထားရန်။

 ( င )   ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးကို ဘက်စုံဆောင်ရွက်ရန်။

 ( စ )   အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်ရန်။

(ဆ)   စီးပွားရေးတွက်ချေကိုက်ပြီး အရည်အသွေးပြည့်မီသည့် လမ်းဒီဇိုင်းဖြစ်ရေး၊ ဒေသ အလိုက် ထွက်ရှိသည့် ပစ္စည်းများကို စနစ်တကျ ဓာတ်ခွဲစမ်းသပ်ပြီး လမ်းဒီဇိုင်း ပြုလုပ်ရေးနှင့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်။

( ဇ )   ဌာနဆိုင်ရာများအကြား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်။

(ဈ) နှစ်စဉ်လိုအပ်သည့် ဘဏ္ဍာရန်ပုံငွေသည် ကန့်သတ်ချက်ရှိ၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု၊ ကျေးလက်ပြည်သူနှင့် ပူးပေါင်းဆောင်ရွက်မည့် အလားအလာများ၊ နည်းလမ်းများ လည်း စဉ်းစားဆောင်ရွက်သင့်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

          ကျေးလက်လမ်းများသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ အတွက် အလွန်အရေးကြီးပြီး လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက်လည်း အလွန်ပင် အရေးပါ ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပါ၍ ကျေးလက်လမ်းမဟာဗျူဟာ ရည်မှန်းချက်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း အသုံးပြုသူ ပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်းကြရန် တိုက်တွန်းရင်း (၂၀.၇.၂၀၂၄)ရက်နေ့တွင် ကျရောက်မည့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရေးသား လိုက်ရပါသည်။

 

 

ခန့်ဇော် (ကျေးလက်