မန္တလေးတက္ကသိုလ်၊ သမိုင်းဌာန၊ ဒေါက်တာသန်းထွန်းအထိမ်းအမှတ် သမိုင်းဌာနပြတိုက်ဖွင့်ပွဲကျင်းပ

စည်ပင်သာယာရေး





မန္တလေးတက္ကသိုလ်၊ သမိုင်းဌာန၊ ဒေါက်တာသန်းထွန်းအထိမ်းအမှတ် သမိုင်းဌာနပြတိုက်ဖွင့်ပွဲကျင်းပ

Ministry of Information/ မန္တလေး / December 27, 2018
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၇

မန္တလေးတက္ကသိုလ်၊ သမိုင်းဌာန၊ ဒေါက်တာသန်းထွန်းအထိမ်းအမှတ် သမိုင်းဌာနပြတိုက်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် သမိုင်းဌာနတွင်ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြန်မာ့သမိုင်းကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးလှ နှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းတို့က  မန္တလေးတက္ကသိုလ်၊ သမိုင်းဌာန ပြတိုက်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် မန္တလေးတက္ကသိုလ်သမိုင်းပြတိုက်သည်  မြန်မာနိုင်ငံတွင်ရှိသည့်တက္ကသိုလ်များ တွင် ပထမဆုံးဖွင့်လှစ်သောပညာရေး အထောက်အကူပြုပြတိုက်ဖြစ်ပါကြောင်း၊ ယခင်က ရှေးဟောင်း မြန်မာစာပေရေးရာဌာနသို့ ငှားရမ်းခဲ့သော ရှေးဟောင်းသမ်ိုင်းဝင်ပစ္စည်းများကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြစ်ပါကြောင်း၊ ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြုထားသည့် ပစ္စည်းအရေအတွက် စုစုပေါင်း (၃၃၀)ရှိပြီးကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများအတွက် သင်ကြားသင်ယူခြင်း၊ လေ့လာခြင်း နှင့် သုတေသနပြုလုပ်ခြင်းများကိုများစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ ဆရာကြီး ဒေါက်တာ သန်းထွန်းသည် မြန်မာနိုင်ငံ၏သမိုင်းပညာရှင်များတွင် ယုံကြည် လေးစားတန်ဖိုးထားရသော သမိုင်း ပညာရှင်ဆရာကြီးတစ်ဦးဖြစ်ပါကြောင်း။

ယခုကဲ့သို့ ဆရာကြီး ဒေါက်တာသန်းထွန်းအထိမ်းအမှတ်သမိုင်းဌာနပြတိုက် အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြသူများအား အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်း၊ ပြတိုက်ဖွင့်လှစ်ခြင်းဖြင့် မိမိတို့ဘိုးဘေးခေတ်ကထွန်းကားခဲ့သော သမိုင်းဆိုင်ရာအသုံး အဆောင်ပစ္စည်းရှေးဟောင်း အမွေအနှစ်များကိုလူငယ်လူရွယ်များတွေ့မြင်ပြီး မြတ်နိုးတန်ဖိုးထား လာကြမည်ဟု ယုံကြည်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့သမိုင်းဘာသာရပ်တွင် သုတေ သနလုပ်ငန်းများ များဆောင်ရွက်ခြင်းအား အားပေးပါကြောင်း၊ မြန်မာ့သမိုင်းအပြင် အိမ်နီးချင်းနိုင်ငံ များ၏သမိုင်းကိုပါ လေ့လာသုတေသနပြုလုပ်ပြီးခေတ်အဆက်ဆက် မိမိနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး စသည့်အားနည်းချက် အားသာချက်များကိုရှာဖွေဖော်ထုတ်ပေးရန်လိုအပ်ပါကြောင်း၊ လက်ရှိလူမှုရေး သိပ္ပံဘာသာရပ်ဖြစ်သော သမိုင်းဘာသာရပ်သည် နိုင်ငံတော်အတွက် အလွန်အရေးကြီးသော ဘာသာ ရပ်တစ်ခုဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် သမိုင်းဘာသာရပ်အပေါ် ကျောင်းသား ကျောင်းသူများ ၏ စိတ်ပါဝင်စားမှု၊ သင်ကြားသင်ယူမှု ပိုမိုအားကောင်းလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် နေကြသည်ကိုတွေ့မြင်ရပါကြောင်း၊ သမိုင်းပညာရှင်များအနေဖြင့် ယခုကဲ့သို့ သမိုင်းဘာသာရပ်ဆိုင်ရာ ပြပွဲများ၊ စာတမ်းဖတ်ပွဲများပြုလုပ်၍  ကျောင်းသားကျောင်းသူများ၏ စိတ်ပါဝင်စားမှုကို အားပေးမြှင့်တင် ပေးစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ယင်းနောက် မြန်မာ့သမိုင်းကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးလှက ပြတိုက်ဖွင့်လှစ်တည် ထောင်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မန္တလေးတက္ကသိုလ်၊ သမိုင်းဌာနပါမောက္ခဌာနမှူး ဒေါက်တာရီရီဝင်းက ကျေးဇူးတင် စကားပြောကြားသည်။

အခမ်းအနားအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြပြီး ဒေါက်တာသန်းထွန်း အထိမ်း အမှတ်သမိုင်းဌာနပြတိုက်အတွင်း ပြသထားသည့်ရှေးဟောင်းသမိုင်းပစ္စည်းများကို လှည့်လည်ကြည့်ရှု ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးတက္ကသိုလ် စာကြည့်တိုက် က ကြီးမှူးကျင်းပသော မန္တလေးတက္ကသိုလ်ရာပြည့်အကြို  မန္တလေးတက္ကသိုလ်၏ ခေတ်အဆက်ဆက် သမိုင်းပုံရိပ်များပထမအကြိမ် ဓာတ်ပုံပြပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ပြပွဲ အတွင်းပြသထားသော ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
 

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ သီတင်းကျွတ်လအတွက် မီးထွန်းပွဲနှင့်ကြာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •