နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ မြေငှားစာချုပ်အသစ်ထုတ်ပေးခြင်းဝန်ဆောင်မှု
-
TOPICS
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ မြေငှားစာချုပ်အသစ်ထုတ်ပေးခြင်းဝန်ဆောင်မှု
Naypyitaw Development Committee / April 19, 2018
ဝန်ဆောင်မှုများ
(က) မြေငှားစာချုပ်(ဂရန်)မိတ္တူမှန်ထုတ်ပေးခြင်း
( ခ ) မြေငှားစာချုပ်(ဂရန်)သက်တမ်းတိုးပေးခြင်း
( ဂ ) မြေငှားစာချုပ်(ဂရန်)ခွဲစိတ်ပေးခြင်း
(ဃ) မြေအမည်ပေါက်ပြောင်းလဲပေးခြင်း
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
မြေငှားစာချုပ်(ဂရန်)လျှောက်ထားနိုင်သော မြေများမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) လိုင်စင်မြေ
( ခ ) ပါမစ်မြေ
( ဂ ) စကွာတာမြေ
လိုအပ်သောစာရွက်စာတမ်းများ
မြေငှားစာချုပ်လျှောက်ထားရာတွင် လိုအပ်သည့် ပုံစံနှင့်အထောက်အထားများ
(က) မြေငှားစာချုပ်လျှောက်လွှာပုံစံ(ဌာနတွင် အခမဲ့တောင်းယူနိုင်ပါသည်)
( ခ ) မြေပုံ/မြေရာဇဝင် လျှောက်လွှာပုံစံ(ဌာနတွင် အခမဲ့တောင်းယူနိုင်ပါသည်)
( ဂ ) နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ/မူရင်း(မူရင်းဖြင့်တိုက်ဆိုင်စိစစ်ရန်)
(ဃ) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ/မူရင်း(မူရင်းဖြင့်တိုက်ဆိုင်စိစစ်ရန်)
( င ) လျှောက်ထားမြေကွက်အား နေထိုင်ပိုင်ဆိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်(နှစ်ကာလကြာမှ မြေငှားစာချုပ်လျှောက်ထားလျှင် လက်ရှိနေထိုင်မှုအား အတည်ပြုနိုင်ရန်)
( စ ) အောက်ပါ မြေပိုင်ဆိုင်မှုအထောက်အထားများ-
- ပါမစ်မြေ
- လိုင်စင်မြေ
- စကွာတာ
- တရားရုံးအမိန့်ဒီဂရီ
- မြေပိုင်ဆိုင်မှုစာချုပ်စာတမ်းအထောက်အထားများ
- လျှောက်ထားမြေကို ဥပဒေနှင့်အညီရရှိထားကြောင်း သက်ဆိုင်ရာဌာနများမှ
- ထုတ်ပေးထားသည့်မြေပိုင်ဆိုင်မှုအထောက်အထားများ(အထက်ပါစာရွက်စာတမ်းများကို ပြည့်စုံစွာတင်ပြရပါမည်) http://www.nptdc.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အဆင့်ဆင့်စိစစ်ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များ
မြေငှားဂရန်စာချုပ်လျှောက်ထားရာတွင် အဆင့်ဆင့်စိစစ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ
(က) မြေငှားစာချုပ်လျှောက်ထားသည့်လျှောက်လွှာနှင့်ပူးတွဲတင်ပြသည့် မြေပိုင်ဆိုင်မှုအထောက်အထားနှင့် အခြားစာရွက်စာတမ်းများအားပြည့်စုံမှု ရှိ/မရှိ
(ခ) မြေရာဇဝင်မှတ်ချက်များအား အောက်ပါအတိုင်းစိစစ်ပါသည်-(ဌာနမှ ဆောင်ရွက်ရန်ဖြစ်ပါသည်)
- မြေငှားစာချုပ်လျှောက်ထားမြေကွက်သည် စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊သိမ်းဆည်းထားရှိသော မြေအတွင်းပါဝင်ခြင်း ရှိ/မရှိ ဌာနရှိမြေစာရင်းမှတ်ပုံတင်စာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
- မြေငှားစာချုပ်လျှောက်ထားမြေကွက်သည် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ/မရှိ ဌာနရှိ မြေစာရင်းမှတ်ပုံတင်စာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
- မြေငှားစာချုပ်လျှောက်ထားမြေကွက်သည် တရားရုံး တားဝရမ်း ရှိ/မရှိ၊ဌာနရှိ မြေစာရင်းမှတ်ပုံတင် စာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
- မြေငှားစာချုပ်လျှောက်ထားမြေကွက်သည် ဘဏ်တစ်ခုခုမှ ကန့်ကွက်မှု ရှိ/မရှိ၊ဌာနရှိ မြေစာရင်းမှတ်ပုံတင်စာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
- မြေငှားစာချုပ်လျှောက်ထားမြေကွက်နှင့်ပတ်သက်၍ အခြားကန့်ကွက်ချက်များ ရှိ/မရှိ ဌာနရှိ မြေစာရင်းမှတ်ပုံတင်စာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
- မြေငှားစာချုပ်လျှောက်ထားမြေကွက်သည် ဂရန်စည်းကမ်းပျက်ချက် ရှိ/မရှိ ဌာနရှိမြေစာရင်း မှတ်ပုံတင်စာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊
- မြေငှားစာချုပ်လျှောက်ထားမြေကွက်နှင့်ပတ်သက်၍ မြေစာရင်းမှတ်ပုံတင်စာအုပ်တွင်ရေးသွင်းထားသည့်အချက်အလက်များသည်တင်ပြထားသည့်အထောက်အထားများနှင့်သက်ဆိုင်မှု ရှိ/မရှိ၊
- ၁၉၈၇ခုနှစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ/မရှိ၊
(ဂ) လျှောက်လွှာနှင့်ပူးတွဲတင်ပြလျှောက်ထားသည့် စာရွက်စာတမ်းများအား စစ်ဆေးဆောင်ရွက်ပြီးက အမှုတွဲဖွင့်လှစ်၍ သတင်းစာကြော်ငြာ၊မြေပေါ်ကန့်ကွက်ကြော်ငြာ(၁၅)ရက်ကန့်ကွက်လွှာခေါ်ယူခြင်း၊ (ဌာနနှင့်လျှောက်ထားသူမှဆောင်ရွက်ရန်ဖြစ်ပါသည်။မြေငှားစာချုပ်လျှောက်ထားမြေကွက်တွင် ကြော်ငြာရန် ကာယကံရှင်(၁)စောင်၊ရပ်ကွက်/မြို့အုပ်ချုပ်ရေးရုံးတို့အား (၁)စောင်စီနှင့် အများပြည်သူမြင်သာသည့် ဈေးတွင် ကြော်ငြာရန်(၁)စောင်ပေးပို့ပြီး မြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေးရုံး/ဈေးတာဝန်ခံရုံးတို့မှ လက်ခံရရှိကြောင်းအထောက်အထားကိုလျှောက်ထားသူက ပြန်လည်ပေးပို့ရန်ဖြစ်ပါသည်။)
ဆက်သွယ်ရမည့်လိပ်စာ
နေပြည်တော်
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊
နေပြည်တော်စည်ပင်သာယာရေးကော်မတီ။
၀၆၇-၄၁၄၂၆၃၊ ၀၆၇-၄၁၄၂၉၂
dispatch-box.dcpl@nptdc.gov.mm
Website လိပ်စာ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တည်းခိုခန်းများ Online စာရင်းပေးသွင်းခြင်း
Yangon Region Government / September 29, 2021
အစားအသောက်လုပ်ငန်းလိုင်စင်၊ တည်းခိုခန်းလိုင်စင်၊ အငှားအိမ်ငှားပိုင်ခွင့် လိုင်စင်၊ အသားရောင်း လုပ်ငန်းလိုင်စင် ၊အခြားလုပ်ငန်းလိုင်စင်များကို လိုင်စင်အသစ်၊ မိတ္တူ၊ပြောင်း၊ ပိတ်သိမ်း၊ ဆက်လက်ခံယူခွင့် လျှောက်ထားခြင်း
Mandalay City Development Committee / September 29, 2021
မြေကွက်ခွဲစိတ် / ပေါင်းစည်း လျှောက်ထားခြင်း
Yangon City Development Committee / September 29, 2021