သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်းများတွင် သင်တန်းသားခေါ်ယူခြင်း

သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်းများတွင် သင်တန်းသားခေါ်ယူခြင်း


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / July 18, 2019

သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်းများတွင် ကွန်ပျူတာသင်တန်း (အချိန်ပြည့်၊ အချိန်ပိုင်း)နှင့် စာရင်းကိုင်သင်တန်း (အချိန်ပြည့်၊ အချိန်ပိုင်း)သင်တန်းများ ဖွင့်လှစ်လျက်ရှိပါသည်။

 

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

အထက်ပါသင်တန်းများသို့ တက်ရောက်လိုသူများသည် တက္ကသိုလ်ဝင်တန်းအဆင့် သင်ယူပြီး မြောက်သူများ ဖြစ်ရမည်။

 

ဝန်ဆောင်ခ

အချိန်ပြည့်သင်တန်းနှင့် အချိန်ပိုင်းသင်တန်းများအတွက် သင်တန်းသား တစ်ဦးလျှင် (၁၀၀၀၀ကျပ်) ဖြစ်ပါသည်။ (သင်တန်းကာလမှာ (၃)လခွဲကြာမြင့်ပါသည်။)

 

လိုအပ်သောစာရွက်စာတမ်းများ

(က) သင်တန်းလျှောက်လွှာ

(ခ)ဓါတ်ပုံ(၂)ပုံ

(ဂ)အထက်တန်းပြီးဆုံးကြောင်းအောင်လက်မှတ်မိတ္တူ

(ဃ)ဘွဲ့လက်မှတ်မိတ္တူ

 

လျှောက်ထားရန်အဆင့်များ

       လျှောက်ထားမှုအလွန်လွယ်ကူပါသည်။ မိမိတက်ရောက်လိုသည့် သင်တန်းကျောင်းများ၌ သင်တန်းလျှောက်လွှာများ ဝယ်ယူဖြည့်စွက်လိုက်ရုံဖြင့် သတ်မှတ်ထားသည့် သင်တန်းများတွင် တက်ရောက် နိုင်ပါသည်။

 

ဆက်သွယ်ရမည့်လိပ်စာ

မော်လမြိုင်

သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း(မော်လမြိုင်)၊ အထက်လမ်းမကြီး၊ ရွှေတောင်ရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။

ရန်ကုန်

သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း(ရန်ကုန်)၊ အမှတ်-၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

မန္တလေး

သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း(မန္တလေး)၊ အမှတ်-၁၆၉၊ ၂၅ x ၂၆ လမ်းကြား၊ ၈၃ လမ်း၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေရပ်ကွက်၊ မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး။

 

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

မော်လမြိုင်

သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း(မော်လမြိုင်)

ရန်ကုန်

သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း(ရန်ကုန်)

မန္တလေး

သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း(မန္တလေး)

ထပ်မံဖြည့်စွက်ချက်များ

(က) မော်လမြိုင်      

သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း(မော်လမြိုင်)၊ ၀၅၇-၂၇၁၅၈

(ခ)ရန်ကုန်

သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း(ရန်ကုန်)၊ ၀၁-၅၅၅၄၉၅

(ဂ)မန္တလေး

သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း(မန္တလေး)၊ ၀၂-၄၀၃၉၁၄၈

Website လိပ်စာ

မရှိပါ။



ဝန်ဆောင်မှု (အွန်လိုင်း) - ၃ ခု

ရရှိနိုင်သောဝန်ဆောင်မှုများ

ပညာရေးဝန်ကြီးဌာန / August 23, 2024

ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ပေးခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်စစ်ဆေးခြင်းတို့အား ဆောင်ရွက်ပေးလျက် ရှိပါသည်။

Rating

စက်မှုသင်တန်းကျောင်းများတက်ရောက်ရန် လျှောက်ထားခြင်း

စက်မှုဝန်ကြီးဌာန / September 30, 2021

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာနသည် နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ...

Rating

အမျိုးသားလွှတ်တော် ဧည့်ဝန်ဆောင်မှု

အမျိုးသားလွှတ်တော် / September 26, 2018

Rating