စာရင်းရှင်အပ်ငွေလုပ်ငန်း(Current Account)


Ministry of Planning and Finance / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

စာရင်းဖွင့်သူသည် ကိုယ်တိုင်လာရောက်ရမည်ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ် ယူဆောင်လာရပါမည်။ ကုမ္ပဏီအဖွဲ့အစည်း စာရင်းများဖွင့်လျှင် ကုမ္ပဏီမှတ်ပုံတင်၊ သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်း၊ အစည်းအဝေးဆုံးဖြတ်ချက် ယူဆောင်လာရပါမည်။

ဝန်ဆောင်ခ

လက်ကျန် ၃၀၀၀၀/ အောက်ရှိသော စာရင်းများအပေါ်တွင် နှစ်ဝက်အတွက် လယ်ဂျာတစ်မျက်နှာလျှင် ကျပ် ၂၀၀/ နှုန်းဖြင့် လယ်ဂျာစာမျက်နှာရှိသလောက် ကောက်ခံပါသည်။ လက်ကျန် ၃၀၀၀၀/ နှင့်အထက်တွင် အမြဲရှိသောစာရင်းများ အပေါ်တွင် ကောက်ခံခြင်းမပြုပါ။

လိုအပ်သော စာရွက်စာတမ်းများ

နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ကုမ္ပဏီမှတ်ပုံတင်၊ အသင်း ဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့ မှတ်တမ်း၊ ဒါရိုက်တာအစည်းအဝေးဆုံးဖြတ်ချက်

လျှောက်ထားရန် အဆင့်များ

စာရင်းဖွင့်လျှောက်လွှာတွင် ပြည့်စုံစွာဖြည့်စွက်ရမည်။ လက်မှတ် နမူနာကတ်တွင် လက်မှတ်ရေးထိုးရမည်။

ဆက်သွယ်ရမည့် လိပ်စာ

မြန်မာ့စီးပွားရေးဘဏ်ခွဲများအားလုံး

ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာများ

မြန်မာ့စီးပွားရေးဘဏ်ခွဲများအားလုံး

Website လိပ်စာ

မရှိပါ။