နေပြည်တော်စည်ပင်ဘဏ်မှ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခြင်း ဝန်ဆောင်မှု (Money Changer)
နေပြည်တော်စည်ပင်ဘဏ်မှ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခြင်း ဝန်ဆောင်မှု (Money Changer)
Naypyitaw Development Committee / April 19, 2018
Customer များ၏ ဆန္ဒအတိုင်း၎င်းတို့ထံမှ နိုင်ငံခြားငွေများကို ဝယ်ယူခြင်း၊ ပြန်လည်ရောင်းချခြင်းတို့ကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်လျက်ရှိသောငွေလဲနှုန်း(CBM's Reference Rate)ကို အခြေခံ၍ သတ်မှတ်ဘောင်အတွင်းမှ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဝယ်ယူရောင်းချပေးသည့် နိုင်ငံခြားငွေအမျိုးအစားများမှာ-
(က) |
အမေရိကန်ဒေါ်လာ (USD) |
(ခ ) |
ယူရို (EURO) |
(ဂ ) |
စင်္ကာပူဒေါ်လာ(SGD) |
(ဃ ) |
မလေးရှားရင်းဂစ်(MYR) |
(င ) |
ထိုင်းဘတ်(THB) တို့ဖြစ်ပါသည်။ |
နေပြည်တော်စည်ပင်ဘဏ်၏ မည်သည့်နိုင်ငံခြားငွေလဲလှယ်ပေးရေး ကောင်တာ(Money Changer) တွင်မဆို အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ၊ ယူရိုငွေကြေးများကို နိုင်ငံသား မှတ်ပုံ တင်(National Registeration Card) သို့မဟုတ်နိုင်ငံကူးလက်မှတ်(Passport) ဖြင့် လွတ်လပ်စွာလဲလှယ်နိုင်ပါသည်။
Account များ Link ပေးထားခြင်း
Current A/C ကိုအောက်ဖော်ပြပါ နည်းလမ်း(၃)သွယ်ဖြင့် Saving A/C /Call A/C များနှင့် ချိတ်ဆက်(Link) ပေးထားရန် Instruction ပေးနိုင်ပါသည်။
- Current A/C >>> Saving A/C
- Current A/C >>> Call A/C
- Current A/C >>> Call A/C >>> Saving A/C
Bank Guarantee
- လုပ်ငန်းရှင်များ(သို့)အဖွဲ့အစည်းများအချင်းချင်း စီးပွားရေးဆိုင်ရာ သဘောတူညီမှုလုပ်ငန်းများ တွင် လုံခြုံစိတ်ချ၍ ယုံကြည်မှု ရှိစေရန် တောင်းခံလေ့ရှိသော Bank Guarantee ကို ထုတ်ပေး ခြင်းအား ဆောင်ရွက်ပေးပါသည်။
- Bank Guarantee အမျိုးအစားများမှာ Performance Guarantee, Tender Guarantee or Bid Bond Guarantee တို့ ဖြစ်ပါသည်။
- ဘဏ်အာမခံလျှောက်ထားသူသည် ငွေသားတင်သွင်းခြင်း၊ စာရင်းရှင်စာရင်း၊ ငွေစုဘဏ်စာရင်း၊ စာရင်းသေအပ်ငွေ စာရင်း ဖွင့်လှစ်ခြင်း၊ နေပြည်တော်စည်ပင်ဘဏ်ရှိ အပ်ငွေစာရင်း လက်ကျန် တင်ပြခြင်း၊ မရွှေ့မပြောင်းနိုင် သောပစ္စည်း တင်သွင်းခြင်း စသည့်နည်းများဖြင့်ဆောင်ရွက် နိုင်ပါသည်။
- ယင်းအပ်ငွေစာရင်းအပေါ် သက်ဆိုင်ရာအတိုးနှုန်းအလိုက် အတိုးတွက်ချက်ပေးပါသည်။
ဘဏ်အာမခံသက်တမ်းအလိုက် ဝန်ဆောင်ခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်
၃ လ အထိ ၀.၅%
၆ လ အထိ ၁.၀%
၉ လ အထိ ၁.၅%
၁၂ လ အထိ ၂.၀%
Website လိပ်စာ
မရှိပါ။