​နေပြည်တော် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ ပြည်သူသို့ပေးနေသော ဝန်ဆောင်မှုများ

ကျန်းမာရေး





​နေပြည်တော် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ ပြည်သူသို့ပေးနေသော ဝန်ဆောင်မှုများ

ရရှိနိုင်သောဝန်ဆောင်မှုများ

အထူးကုပြင်ပလူနာဌာန

ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနအနေဖြင့် သင်နှင့်သင့်မိသားစုအား နွေးထွေး ပျူငှာစွာဖြင့် ကျန်းမာရေးဝန်ဆောင်မှုများအား သက်သာသောနှုန်းထားဖြင့် (၂၄)နာရီပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ မည်သူမဆို အောက်ဖော်ပြပါ ကျန်းမာရေးဝန်ဆောင်မှုများအား လွတ်လပ်စွာ ဆွေးနွေး-စစ်ဆေး- ကုသမှုများ ဆောင်ရွက်နိုင်ပါသည်။

၁။        အောက်ပါအထူးကုဆရာဝန်ကြီးများဖြင့် ပြင်ပလူနာအဖြစ် ကုသမှုခံယူနိုင်ပါသည်-

            (က)       အထွေထွေရောဂါကုအထူးကုဆရာဝန်ကြီးများ

            ( ခ )       နှလုံးအထူးကုဆရာဝန်ကြီးများ

            ( ဂ )       ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ

            (ဃ)        ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးများ

            ( င )       အသည်းအထူးကုဆရာဝန်ကြီးများ

            ( စ )       အစာအိမ်နှင့်အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ

            (ဆ)       မျက်စိအထူးကုဆရာဝန်ကြီးများ

            ( ဇ )       နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီးများ

            ( စျ )      သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများ

            ( ည)      အရေပြားအထူးကုဆရာဝန်ကြီးများ

            ( ဋ )      ကင်ဆာရောဂါအထူးကုဆရာဝန်ကြီးများ

            ( ဌ )       ကလေးအထူးကုဆရာဝန်ကြီးများ

၂။        အောက်ပါခွဲစိတ်ကုသမှုများအား သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများဖြင့်ခွဲစိတ်ကုသနိုင်ပါသည်-

            (က)     သမာရိုးကျထွေထွေခွဲစိတ်ကုသခြင်း

            ( ခ )     ဝမ်းဗိုက်တွင် အပေါက်ငယ်များဖောက်၍ အဆင့်မြင့်ခွဲစိတ်ကုသခြင်း (Key Hole Surgery) (အူအတက်ရောင်ခြင်း၊ သည်းခြေအိတ်ရောင်ခြင်း၊ ကျောက်တည်ခြင်း၊  အူမကြီးကင်ဆာ၊ စအိုကင်ဆာနှင့် လိပ်ခေါင်း)

            ( ဂ )     ဦးနှောက်ခွဲစိတ်ကုသခြင်း

            (ဃ)     မျက်စိခွဲစိတ်ကုသခြင်း

            ( င )     မျက်စိနှင့်ကိုယ်အင်္ဂါအစားထိုးပြုပြင်ခွဲစိတ်ကုသခြင်း

            ( စ )     အရိုးရောဂါများခွဲစိတ်ကုသခြင်းနှင့် အဆင့်မြင့် တင်ပါးဆုံအစားထိုးခြင်း၊ ဒူးဆစ်အစားထိုးခြင်း

            (ဆ)     ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ခွဲစိတ်ကုသခြင်း

            ( ဇ )     ကင်ဆာရောဂါများ ခွဲစိတ်ကုသပေးခြင်း

၃။        သားဖွားမီးယပ်ဆိုင်ရာရောဂါများ ကုသပေးခြင်း

            (က)       ရိုးရိုးကလေးမွေးဖွားခြင်း

            ( ခ )       ခွဲစိတ်ကလေးမွေးဖွားခြင်း

            ( ဂ )       အမျိုးသမီးရောဂါ (မီးယပ်ရောဂါ) အမျိုးမျိုးကုသခြင်း၊ ခွဲစိတ်ကုသခြင်း

            (ဃ)       အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာရောဂါရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်း၊

            ( င )       မွေးကင်းစကလေးကြပ်မတ်ကုသပေးခြင်း

၄။ ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များအား မိမိစိတ်ကြိုက်ရွေးချယ်စစ်ဆေးနိုင်ပါသည်-

            (က)        အခြေခံ (Silver Package) ကျန်းမာရေးစစ်ဆေးပေးခြင်း

            ( ခ )       အဆင့်မြင့် (Gold Package) စစ်ဆေးပေးခြင်း

            ( ဂ )        အထူးအဆင့်မြင့် (Diamond) စစ်ဆေးပေးခြင်း

Website လိပ်စာ

မရှိပါ။



အထူးသတင်း
  • ဂျပန်နိုင်ငံ Lion Club အဖွဲ့မှ ဖလင်ပိဋကတ်တိုက်သို့ ရုပ်ရှင်ဖလင်ဘူးများလှူဒါန်း
  •           
  • ဒုတိယဝန်ကြီး ဦးကျော်လင်း ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား၏ ရေလယ်တိုင်များ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်မှုလုပ်ငန်း ကြည့်ရှုစစ်ဆေး
  •           
  • အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ယှဉ်ပြိုင်ရန် အာဆီယံနိုင်ငံများမှ အားကစားသမားများ ရောက်ရှိ
  •           
  • ခင်ဦးမြို့နယ်တရားသူကြီး ဒေါ်ရည်ရည်မွန် (တ/၂၈၇၃) ၊ ရှေ့နေ ဒေါ်ဇာခြည်ဝင်း၊ ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
  •