ကန်ထရိုက်တာအလုံးစုံအန္တရာယ်အာမခံ


Ministry of Planning and Finance / July 24, 2024

အာမခံအကာအကွယ်

ကန်ထရိုက်တာမှ တာဝန်ယူဆောက်လုပ်သည့် အဆောက်အအုံ၊ လမ်းတံတား အစရှိသည့် မြို့ပြတည်ဆောက်ရေးလုပ်ငန်းများအတွက် တည်ဆောက်မည့်ပစ္စည်းများ တည်ဆောက်သည့် နေရာသို့ ရောက်ရှိသည့်အချိန်မှစ၍ တည်ဆောက်ပြီးစီးသည့်အချိန်အထိ လုပ်ငန်း ဆောင်ရွက်ရာမှ တစ်ဆင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများအား  အကာအကွယ်ပေးသော အာမခံအမျိုးအစား ဖြစ်သည်။

 

ဝန်ဆောင်ခ

အာမခံပရီမီယံနှုန်းထားများ မှာ အနည်းဆုံး ၀.၁၅% မှ အများဆုံး ၀.၅၁၈% အတွင်းဖြစ်ပါ သည်။

 

အာမခံထားငွေ

ကန်ထရိုက်တာ၏ တည်ဆောက်ရေး ပစ္စည်းများဆုံးရှုံးမှု (Section I) နှင့် သူတစ်ပါး ထိခိုက်နစ်နာမှု အတွက် ပေးလျော်ရန်တာဝန်ရှိမှု (Section II) ဟူ၍ ထားရှိနိုင်ပါသည်။ Section II အား Section I ၏ ၅၀%, ၇၅%, ၁၀၀% (သို့မဟုတ်) ၁၂၅% ဟူ၍ စိတ်ကြိုက်ရွေးချယ် ထားရှိနိုင်ပါသည်။ အာမခံ ထားငွေအားလုပ်ငန်း အပ်နှံမှုစာချုပ်ပါ တန်ဘိုး အတိုင်း လက်ခံဆောင်ရွက်ပါသည်။ ကန်ထရိုက်တာ၏ လုပ်ငန်းခွင်သုံး စက်ပစ္စည်း များ၏ တန်ဖိုးအား အာမခံထားငွေတွင် ထပ်ပေါင်း၍ထားရှိနိုင်ပါသည်။

 

အာမခံသက်တမ်း

အာမခံသက်တမ်းအား အနည်းဆုံး(၃)လမှ အများဆုံး (၅)နှစ် အထိထားရှိနိုင်၍ ပြုပြင် ထိန်းသိမ်းရေး ကာလအား (၃) လ၊ (၆) လ (သို့မဟုတ်) (၁) နှစ် ရွေးချယ်ထားရှိနိုင်ပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

  • ကုမ္ပဏီ Letter Head ဖြင့် အကြောင်းကြားစာ
  • သတ်မှတ်ထားသောအဆိုလွှာပုံစံ
  • ကန်ထရိုက်တာနှင့် လုပ်ငန်းအပ်နှံသူ ပိုင်ရှင်အကြား သဘောတူစာချုပ် (Contract Agreement )
  • လုပ်ငန်းစတင်မည့်အချိန်မှ လုပ်ငန်းပြီးစီးမည့်အချိန်ထိ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်မည့် အချိန်ဇယား ကာလသတ်မှတ်မ (Work Schedule)
  • Bills of Quantity (BQ)
  • Drawing
  • Layout Plan/ Site Plan
  • Soil Test Report
  • Site Photo

 

လျှောက်ထားရန်အဆင့်များ

  • သတ်မှတ်ထားသောအဆိုလွှာပုံစံနှင့်အတူလိုအပ်သောစာရွက်စာတမ်းများ တင်ပြခြင်း
  • ဌာနမှမျက်မြင်သွား‌ရောက်စစ်ဆေးခြင်း
  • ပရီမီယံနှုန်းထားသတ်မှတ်၍ ငွေပေးသွင်းနိုင်ရေးအတွက် ချလံထုတ်ပေးခြင်း
  • ပရီမီယံပေးသွင်းပြီးပါက ‌ငွေရပြေစာထုတ်ပေးပြီး အဆင့်ဆင့်တင်ပြကာ ပေါ်လစီစာချုပ် ထုတ်ပေးခြင်း

 



Services (Online) - 1 items Explore more

သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း

Ministry of Planning and Finance / August 16, 2024

သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည်ဖြစ်ပါသည်။...

Rating