အာမခံစိစစ်ရေးကတ်လျှောက်ထားခြင်း
-
TOPICS
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
အာမခံစိစစ်ရေးကတ်လျှောက်ထားခြင်း
Ministry of Labour / April 11, 2018
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြားဆိုသည်မှာ“ဥပဒေနှင့်အညီမည်သူသည် အာမခံထားသူဖြစ်ကြောင်း သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးက ထုတ်ပေးထားသည့် သက်သေခံကတ်ပြား” ကို ဆိုလိုသည်။ အာမခံအလုပ်သမားများအနေဖြင့် မိမိတို့ ထည့်ဝင်ကြေးပေးသွင်းထားသော သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်လူမှုဖူလုံရေးအဖွဲ့ရုံးခွဲများတွင် အာမခံစိစစ်ရေးကတ်ပြား များကို အချက်အလက်များ ဖြည့်သွင်း၍ ထုတ်ယူ နိုင်ပါသည်။ လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးခန်းများ၊ ဆေးရုံများတွင် ဆေးကုသ ရာတွင်လည်းကောင်း၊ ငွေကြေးအကျိုးခံစားခွင့်များကို လျှောက်ထား ရာတွင်လည်း ကတ်ပြားကို အသုံးပြုနိုင်ပါသည်။
ဝန်ဆောင်ခ
မရှိပါ။
လိုအပ်သောစာရွက်စာတမ်းများ
အလုပ်ဌာနမှတ်ပုံတင်ခြင်းအတွက် လိုအပ်သောစာရွက်စာတမ်း များ
အလုပ်ရှင်တစ်ဦးသည် လုပ်ငန်းစတင်လုပ်ကိုင်ပြီး ရက်ပေါင်း (၃၀) အတွင်း အောက်ပါစာရွက်စာတမ်းများနှင့်အတူ မှတ်ပုံ တင်ရမည်-
(က) အလုပ်ဌာနမှတ်ပုံတင်ပုံစံ
( ခ ) အာမခံထားမည့်သူများစာရင်း (အလုပ်သမားစာရင်း၊ မှတ်ပုံတင်၊ အဘအမည်၊ လုပ်ခလစာ၊ အလုပ်အကိုင် စသဖြင့် တွဲတင်ရန်)
( ဂ ) လုပ်ငန်းဌာနတည်ထောင်ဖွင့်လှစ်ခြင်းမှတ်တမ်း
(ဃ) လုပ်ငန်းလိုင်စင်မိတ္တူ
အလုပ်သမားတစ်ဦး မှတ်ပုံတင်ရန် လိုအပ်သည့် စာရွက်စာတမ်းများ
အလုပ်ရှင်တစ်ဦးသည် အလုပ်သမားတစ်ဦး စတင်ခန့်အပ်ပြီး (၁၀) ရက်အတွင်း အောက်ပါစာရွက်စာတမ်းများနှင့်အတူ မှတ်ပုံ တင်ရမည်−
(က) အလုပ်သမားမှတ်ပုံတင်ပုံစံ
( ခ ) ကျန်းမာကြောင်းထောက်ခံချက်
( ဂ ) အာမခံထားမည့်သူတစ်ဦးထက်ပိုလျှင် အာမခံထားမည့် သူများစာရင်း(အလုပ်သမားစာရင်း၊ မှတ်ပုံတင်၊ အဘ အမည်၊ လုပ်ခလစာ၊ အလုပ်အကိုင်စသည်ဖြင့် တွဲတင်ရန်)
လျှောက်ထားရန် အဆင့်များ
အလုပ်ရှင်သည် အလုပ်သမားအသစ် ခန့်ထားပြီးနောက် (၁၀) ရက်အတွင်း မိမိအလုပ်သမားကို လိုအပ်သော ဆေးစစ်မှုခံယူပြီး ကျန်းမာကြောင်း ဆေးသက်သေခံလက်မှတ်နှင့်တကွ မိမိ အလုပ်သမားနှင့်ပတ်သက်သည့် အကြောင်းအရာအစုံအလင် ကို သတ်မှတ်ထားသည့် အလုပ်သမားမှတ်ပုံတင်(ပုံစံ-၂)တွင် ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်း၍ သက်ဆိုင်ရာလူမှုဖူလုံရေးရုံးသို့ တင်သွင်းရမည်။ ထိုသို့ အလုပ်သမားမှတ်ပုံတင် (ပုံစံ-၂) ကို ဖြည့်စွက်ရာတွင် ဖော်ပြထားသောအချက်အလက်များ မှန်ကန် ကြောင်း မိမိ၏ အလုပ်သမားအား လက်မှတ်ရေးထိုးစေရမည့် အပြင် ယခင်က လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ဖူး ပါက ယင်းသို့ မှတ်ပုံတင်စဉ်ကရရှိခဲ့သည့် အာမခံစိစစ်ရေး ကတ်ပြားအမှတ်ကိုဖော်ပြစေရမည်။
ဆက်သွယ်ရမည့်လိပ်စာ
လူမှုဖူလုံရေးရုံးချုပ်နှင့် မြို့နယ်ရုံးခွဲများ
ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ
လူမှုဖူလုံရေးရုံးချုပ်နှင့် မြို့နယ်ရုံးခွဲများ
Website လိပ်စာ
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း
Ministry of Planning and Finance / August 16, 2024
သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည်ဖြစ်ပါသည်။...