တောင်သူလယ်သမားအသက်အာမခံ


Ministry of Planning and Finance / August 15, 2024

 

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသက် ၁ နှစ်မှ ၆၀ နှစ်အထိရှိသော တောင်သူလယ်သမားများ၊၎င်းတို့၏မိသားစုများ၊ ဆွေမျိုးတော်စပ်သူများ၊ လယ်ယာလုပ်ငန်းအတူလုပ်ကိုင်သူများနှင့် အခြားသူများပါ ထားရှိနိုင် ပါသည်။

 

ဝန်ဆောင်ခ

အနည်းဆုံး အာမခံထားငွေကျပ် (၁)သိန်းမှ အများဆုံးကျပ်သိန်း (၅၀) အထိထားရှိနိုင်ပါသည်။ ပရီမီယံနှုန်းမှာ အာမခံထားငွေ၏ ၁% ပေးဆောင်ရမည်ဖြစ်ပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

အဆိုလွှာတွင်ဖြည့်စွက်ခြင်း

အဆင့်-၁

အဆိုလွှာဖြည့်စွက်ခြင်း၊

အဆင့်-၂

ပရီမီယံပေးသွင်းခြင်း၊

အဆင့်-၃

အာမခံလက်မှတ်ထုတ်ပေးခြင်း

 

ဖြည့်စွက်ချက်

  • အာမခံသက်တမ်းအတွင်း သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း တို့အတွက် ၁၀၀% နှင့် မတော်တဆထိခိုက်ဒဏ်ရာရခြင်းအတွက် ဆရာဝန်၏ ထောက်ခံ ချက်ပေါ်အခြေခံ၍ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။
  • အာမခံထားသူ မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ကျန်းမာရေး ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော ဆေးရုံ၊ ဆေးခန်းတွင် တက်ရောက် ကုသ ရပါက အာမခံထားငွေ ကျပ်(၁)သိန်းအတွက် တစ်ရက်လျှင် ကျပ် ၂၀၀၀/-နှုန်းဖြင့် အများဆုံး (၅) ရက်အထိ ဆေးကုသစရိတ် ခံစားခွင့်ရှိပါမည်။ အာမခံ သက်တမ်းအတွင်း ဆေးရုံတက်ရောက်ကုသခြင်း အကျိုးခံစားခွင့် ကို(၃)ကြိမ် အထိသာ ခံစားခွင့်ပြုပါမည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ သေဆုံးမှုအကျိုးခံစားခွင့်

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • အာမခံထားသူစာရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်

 

၂။ ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွင်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
  • ဆေးကုသသည့်ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

 

၃။ ကော်မရှင်ပေးခြင်း

  • တောင်သူလယ်သမားအသက်အာမခံတွင် ကိုယ်စားလှယ်ကော်မရှင် နှုန်းထားကို ပေးသွင်းပရီမီယံပေါ်မှ ၁၀ ရာခိုင်နှုန်းခံစားခွင့်ပြုပါသည်။
  • ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။