နှစ်တိုငွေပင်ငွေပင်ရင်းအသက်အာမခံ


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 15, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသက် ၁၀ နှစ် မှ ၆၀ နှစ် အတွင်း ထားရှိနိုင်ပါသည်။ အသက် ၁၀ နှစ် မှ ၁၈ နှစ် အထိ မိဘ/အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါသည်။

 

ဝန်ဆောင်ခ

အာမခံထားငွေအနည်းဆုံးကျပ် (၁၀)သိန်း မှ အများဆုံး  ကျပ်သိန်း(၅၀၀)အထိ ထားရှိနိုင် ပါသည်။ အာမခံထားငွေ၊ အာမခံသက်တမ်းနှင့် အသက်ပေါ်မူတည်၍ ပရီမီယံနှုန်း တွက်ချက် ကောက်ခံပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

အာမခံထားငွေကျပ်(၁၀)သန်းအထက် ကျော်လျှင်သော်လည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြုဆရာဝန်(သို့မဟုတ်)ဆေးရုံ/ဆေးခန်းများ၏ ဆေးစစ်ချက်ပုံစံဖြင့် ဆေးစစ် ရပါမည်။ (X-ray, E.C.G, Ultra Sound, ဆီးချို/သွေးချို၊ ဘီပိုး/စီပိုးဆေးစစ်ချက်များအား တင်ပြရပါမည်။)

 

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

          အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပထမအရစ်ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း

အဆင့်-၃

အာမခံပေါ်လစီစာချုပ်ထုတ်ပေးခြင်း

 

ဖြည့်စွက်ချက်

  • အချက်အလက်များထည့်သွင်းခြင်းနှင့် စစ်ဆေးအတည်ပြုပေးပြီးလက်ခံလွှာ၊ စာရင်းချုပ်နှင့် ပေါ်လစီထုတ်ပေးခြင်းလုပ်ငန်းများအား ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • နှစ်တိုငွေပင်ငွေရင်းအသက်အာမခံတွင် ရရှိနိုင်သော အကျိုးခံစားခွင့်များမှာ အမ်းငွေ၊ နှစ်စေ့၊ သေဆုံး၊ ချေးငွေ၊ စာရင်းပိတ်၊ ထာဝစဉ်မစွမ်းမသန် တောင်းခံငွေများ ထုတ်ပေးခြင်းများအား ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ နှစ်စေ့အကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

 

၂။ ချေးငွေ

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာ

 

၃။ အမ်းငွေ

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

 

၄။ ပေါ်လစီကိုစာရင်းပိတ်ခြင်း

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • စာရင်းပိတ်မည်ဖြစ်ကြောင်းပေါ်လစီရှင်၏အကြောင်းကြားစာ

 

၅။ သေဆုံးမှုအကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • သေဆုံးမှုလက်မှတ်မိတ္တူ/ သေဆုံးကြောင်းအထောက်အထား
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်

 

၆။ ထာဝစဉ်မသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
  • ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်

 

၇။ တန်ဖိုးလျော့တောင်းခံငွေ

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

 

၈။ ကော်မရှင်ပေးခြင်း

  • နှစ်တိုငွေပင်ငွေရင်းအသက်အာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို အာမခံ သက်တမ်းစသည့် ပထမနှစ်တွင် ပေးသွင်းသည့်ပရီမီယံပေါ်မှ ၁၅ ရာခိုင်နှုန်း၊ ကျန်သက်တမ်း တစ်လျောက်တွင် တည်မြဲရေးပရီမီယံပေါ်မှ ရာခိုင်နှုန်း ခံစားခွင့်ပြုမည်။
  • ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။



မေးလေ့ရှိသောမေးခွန်းများ