တည်ဆောက်မှုအလုံးစုံအန္တရာယ်အာမခံ
တည်ဆောက်မှုအလုံးစုံအန္တရာယ်အာမခံ
Ministry of Planning and Finance / July 24, 2024
အာမခံအကာအကွယ်
အဆောက်အအုံတည်ဆောက်ရန် ပစ္စည်းများတည်ဆောက်မည့်နေရာသို့ ရောက်ရှိချိန်မှ စက်တည်ဆောက်ဆဲကာလ၊ စက်တပ်ဆင်ပြီး စမ်းသပ်လည်ပတ်သည့် ကာလအတွင်း လုပ်ငန်း ဆောင်ရွက်ရာမှတစ်ဆင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများအား အကာအကွယ်ပေးသော အာမခံ အမျိုးအစားဖြစ်သည်။
ဝန်ဆောင်ခ
အာမခံပရီမီယံနှုန်းထားများ မှာ အနည်းဆုံး ၀.၁၅% မှ အများဆုံး ၀.၅၁၈% အတွင်း ဖြစ်ပါသည်။
အာမခံထားငွေ
ကန်ထရိုက်တာ၏ တည်ဆောက်ရေး ပစ္စည်းများဆုံးရှုံးမှု (Section I) နှင့် သူတစ်ပါးထိခိုက် နစ်နာမှုအတွက် ပေးလျော်ရန်တာဝန်ရှိမှု (Section II) ဟူ၍ ထားရှိနိုင်ပါသည်။ Section II အား Section I ၏ ၅၀%, ၇၅%, ၁၀၀% (သို့မဟုတ်) ၁၂၅% ဟူ၍ စိတ်ကြိုက်ရွေးချယ် ထားရှိနိုင်ပါသည်။ အာမခံ ထားငွေအားလုပ်ငန်းအပ်နှံမှု စာချုပ်ပါတန်ဘိုးအတိုင်း လက်ခံ ဆောင်ရွက်ပါသည်။ ကန်ထရိုက်တာ၏ လုပ်ငန်းခွင်သုံး စက်ပစ္စည်းများ၏ တန်ဖိုးအား အာမခံ ထားငွေတွင် ထပ်ပေါင်း၍ထားရှိနိုင်ပါသည်။
အာမခံသက်တမ်း
အာမခံသက်တမ်းအား အနည်းဆုံး (၃) လမှ အများဆုံး (၅) နှစ် အထိထားရှိနိုင်၍ ပြုပြင် ထိန်းသိမ်းရေး ကာလအား (၃) လ၊ (၆) လ (သို့မဟုတ်) (၁) နှစ် ရွေးချယ်ထားရှိနိုင်ပါသည်။ စမ်းသပ်ကာလကို (၂) ပတ်ထိ အကာအကွယ်ပေးပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- ကုမ္ပဏီ Letter Head ဖြင့် အကြောင်းကြားစာ
- သတ်မှတ်ထားသောအဆိုလွှာပုံစံ
- ကန်ထရိုက်တာနှင့် လုပ်ငန်းအပ်နှံသူ ပိုင်ရှင်အကြား သဘောတူစာချုပ် (Contract Agreement )
- လုပ်ငန်းစတင်မည့်အချိန်မှ လုပ်ငန်းပြီးစီးမည့်အချိန်ထိ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်မည့် အချိန်ဇယား ကာလသတ်မှတ်မ (Work Schedule)
- Bills of Quantity (BQ)
- Drawing
- Layout Plan/ Site Plan
- Site Photo
လျှောက်ထားရန်အဆင့်များ
- သတ်မှတ်ထားသောအဆိုလွှာပုံစံနှင့်အတူလိုအပ်သောစာရွက်စာတမ်းများ တင်ပြခြင်း
- ဌာနမှမျက်မြင်သွားရောက်စစ်ဆေးခြင်း
- ပရီမီယံနှုန်းထားသတ်မှတ်၍ ငွေပေးသွင်းနိုင်ရေးအတွက် ချလံထုတ်ပေးခြင်း
- ပရီမီယံပေးသွင်းပြီးပါက ငွေရပြေစာထုတ်ပေးပြီး အဆင့်ဆင့်တင်ပြကာ ပေါ်လစီစာချုပ်ထုတ်ပေးခြင်း