စက်ပစ္စည်းအာမခံ


Ministry of Planning and Finance / July 24, 2024

အာမခံအကာအကွယ်

စက်ပစ္စည်း သို့မဟုတ် စက်ယန္တရားများ အသုံးပြုနေစဉ် ချို့ယွင်းမှု၊ စံချိန်စံညွှန်းမမီမှု၊ ဒီဇိုင်း မှားယွင်းမှု၊ အလုပ်သမားများ မကျွမ်းကျင်ခြင်း၊ မသမာခြင်းကြောင့် ပျက်စီးဆုံးရှုံးခြင်း၊ လျှပ်စစ် ဓါတ်အားချို့ယွင်းမှု၊ သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးမှုများကို အကာအကွယ် ပေးသော အာမခံအမျိုးအစား ဖြစ်ပါသည်။

ဝန်ဆောင်ခ

ပရီမီယံနှုန်းသည် ၀.၃% မှ ၀.၄% အတွင်းဖြစ်ပါသည်။

အာမခံထားငွေ

အာမခံထားရှိမည့် စက်ပစ္စည်းများ၏ ကာလပေါက်ဈေးအမှန်တန်ဘိုးအတိုင်း ထားရှိနိုင်ပါ သည်။

အာမခံသက်တမ်း

အာမခံသက်တမ်းမှာ (၁) နှစ် ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

  • ကုမ္ပဏီ Letter Head ဖြင့် အကြောင်းကြားစာ
  • သတ်မှတ်ထားသောအဆိုလွှာပုံစံ
  • စက်ပစည်းအမျိုးအမည်၊ ထုတ်လုပ်သူ၊ စက်အမျိုးအစား၊ ထုတ်လုပ်မ၊ ဝန်‌ဆောင်အား၊ အမြန်န်း၊ အလေးချိန်၊ လပ်စစ်စွမ်အား၊ လည်ပတ်န်း၊ လောင်စာသုံးစွဲမ၊ ဖိအား၊ အပူချိန်စသည်များသက်တမ်း
  • လွန်ခဲ့သော (၃) နှစ်အတွင်း ဆုံးရှုံးမှုပေါ်ပေါက်ခဲ့ခြင်း ရှိ/မရှိ၊ ပြင်ဆင်မွမ်းမံရန် လို/မလို၊ အခြားအထူးဖော်ပြရန် အချက်အလက် ရှိ/မရှိ

လျှောက်ထားရန်အဆင့်များ

  • သတ်မှတ်ထားသောအဆိုလွှာပုံစံနှင့်အတူလိုအပ်သောစာရွက်စာတမ်းများ တင်ပြခြင်း
  • ဌာနမှမျက်မြင်သွား‌ရောက်စစ်ဆေးခြင်း
  • ပရီမီယံနှုန်းထားသတ်မှတ်၍ ငွေပေးသွင်းနိုင်ရေးအတွက် ချလံထုတ်ပေးခြင်း
  • ပရီမီယံပေးသွင်းပြီးပါက ‌ငွေရပြေစာထုတ်ပေးပြီး အဆင့်ဆင့်တင်ပြကာ ပေါ်လစီစာချုပ်ထုတ်ပေးခြင်း