ငွေသားလုံခြုံမှုအာမခံ


Ministry of Planning and Finance / July 24, 2024

 

အာမခံအကာအကွယ်

နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် ငွေကြေးကို လုပ်ငန်းတည်ရှိရာ နေရာတွင် ရုံးပိတ်ရက်အပါအဝင် သိမ်းဆည်းထားသည့်ငွေကြေးများ ဖောက်ထွင်းခိုးယူခံရ မှုကြောင့် နစ်နာဆုံးရှုံးမှုကို အာမခံထားခြင်းဖြစ်ပါသည်။

 

ဝန်ဆောင်ခ

အစိုးရ၊ ပုဂလိက (ဘဏ်)                - ၀.၂% မှ ၀.၅%

သမဝါယမ၊ ပုဂလိကလုပ်ငန်း          - ၀.၅% မှ ၁%

 

အာမခံထားငွေ

လုပ်ငန်းတည်ရှိရာနေရာတွင် သိမ်းဆည်းထားမည့် ငွေကြေးများအား အာမခံထားရှိ နိုင်ပါ သည်။

 

အာမခံသက်တမ်း

အာမခံသက်တမ်းမှာ (၁) ရက်မှ (၁) နှစ်အထိ ကြိုက်နှစ်သက်ရာ ရွေးချယ်ထားရှိနိုင်ပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

  • ကုမ္ပဏီ Letter Head ဖြင့် အကြောင်းကြားစာ
  • သတ်မှတ်ထားသောအဆိုလွှာပုံစံ
  • ငွေသားသိမ်းဆည်းထားမည့် အခန်း/ငွေသား ဓာတ်ပုံ
  • နေ့စဥ်ငွေသွင်းငွေထုတ်အသေးစိတ်စာရင်း
  • Vault Certificate

 

လျှောက်ထားရန်အဆင့်များ

  • သတ်မှတ်ထားသောအဆိုလွှာပုံစံနှင့်အတူလိုအပ်သောစာရွက်စာတမ်းများ တင်ပြခြင်း
  • ဌာနမှမျက်မြင်သွား‌ရောက်စစ်ဆေးခြင်း
  • ပရီမီယံနှုန်းထားသတ်မှတ်၍ ငွေပေးသွင်းနိုင်ရေးအတွက် ချလံထုတ်ပေးခြင်း
  • ပရီမီယံပေးသွင်းပြီးပါက ‌ငွေရပြေစာထုတ်ပေးပြီး အဆင့်ဆင့်တင်ပြကာ ပေါ်လစီစာချုပ် ထုတ်ပေးခြင်း