အထွေထွေသူတစ်ပါးထိခိုက်မှုနှင့် အထွေထွေစီးပွားရေးလုပ်ငန်းဆိုင်ရာပေးရန်တာဝန်ရှိမှုအာမခံ


Ministry of Planning and Finance / July 24, 2024

အာမခံအကာအကွယ်

လုပ်ငန်းရှင်များ၊ ကန်ထရိုက်တာများမှ လုပ်ငန်းခွင်အတွင်း မိမိအလုပ်သမားကြောင့်သော် လည်းကောင်း၊ လုပ်ငန်းနှင့်ဆက်စပ်၍သော်လည်းကောင်း၊ မတော်တဆမှုကြောင့် အခြားသူများ သေဆုံးခြင်း၊ ဒါဏ်ရာရခြင်းနှင့် အခြားသူများ၏ ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းအတွက် ဥပဒေအရ ပေးလျော်ရန် တာဝန်ရှိသည့်တာဝန်ကို အာမခံထားခြင်းဖြစ်ပါသည်။

ဝန်ဆောင်ခ

ပရီမီယံနှုန်းထားများမှာ အနည်းဆုံး ၀.၁% မှ အများဆုံး ၀.၆၀၄% အတွင်းဖြစ်ပါသည်။

အာမခံထားငွေ

အမြင့်ဆုံး တာဝန်ယူလိုသည့် ပမာဏကို ဖော်ပြအဆိုပြုနိုင်ပါသည်။ ဖြစ်ရပ်တစ်ခုအတွက် တစ်ဦးသေဆုံး ခြင်း၊ ဒါဏ်ရာရခြင်း၊ ပစ္စည်းပျက်စီးခြင်းတို့အတွက် အမြင့်ဆုံးပေးလျော်မည့် တာဝန်ယူမှုကို သတ်မှတ်ထားပါသည်။ အမေရိကန်ဒေါ်လာဖြင့်လည်း အာမခံထားနိုင်ပါ သည်။ တာဝန်ယူသည့် ပမာဏအတွက် ပရီမီယံနှုန်းသတ်မှတ်ချက်များ သတ်မှတ်ထားပါသည်။ ကျပ်ငွေဖြင့် ကျပ်သန်း ၃၀ မှ ကျပ်သန်း ၇၅၀၀ အထိနှင့် အမေရိကန်ဒေါ်လာဖြင့် USD 20,000 မှ USD 5,000,000 အထိ အဆိုပြုနိုင်ပါသည်။

အာမခံသက်တမ်း

အာမခံသက်တမ်းအား (၁)လ၊ (၃)လ၊ (၆) လ (သို့မဟုတ်) (၁) နှစ် ရွေးချယ်ထားရှိနိုင်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

  • ကုမ္ပဏီ Letter Head ဖြင့် အကြောင်းကြားစာ
  • သတ်မှတ်ထားသောအဆိုလွှာပုံစံ
  • လုပ်ငန်းအစီအစဉ်ဖော်ပြချက်
  • ကုမ္ပဏီမှတ်ပုံတင်မိတ္တူ

လျှောက်ထားရန်အဆင့်များ

  • သတ်မှတ်ထားသောအဆိုလွှာပုံစံနှင့်အတူလိုအပ်သောစာရွက်စာတမ်းများ တင်ပြခြင်း
  • ပရီမီယံနှုန်းထားသတ်မှတ်၍ ငွေပေးသွင်းနိုင်ရေးအတွက် ချလံထုတ်ပေးခြင်း
  • ပရီမီယံပေးသွင်းပြီးပါက ‌ငွေရပြေစာထုတ်ပေးပြီး အဆင့်ဆင့်တင်ပြကာ ပေါ်လစီစာချုပ် ထုတ်ပေးခြင်း