ချေးငွေအာမခံ
ချေးငွေအာမခံ
Ministry of Planning and Finance / July 24, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းအတွက် ချေးငွေထုတ်ပေးသည့်ဘဏ်များကို ၎င်းတို့ ထုတ်ပေးသည့် ချေးငွေဆုံးရှုံးမှုပေါ်ပေါက်ခဲ့လျှင် လျော်ကြေးပေးချေသည့် အာမခံဖြစ်ပါသည်။
ဝန်ဆောင်ခ
ပရီမီယံနှုန်းအနေဖြင့် အပေါင်ပစ္စည်းဖြင့် ချေးခြင်းအတွက် ပထမနှစ်တွင် ၂ % ၊ ဒုတိယနှစ်တွင် ၁.၅%၊ တတိယနှစ်တွင် ၁ % ဖြစ်ပါသည်။ အပေါင်ပစ္စည်းမဲ့ဖြင့် ချေးခြင်းအတွက် ပထမနှစ်တွင် ၃ %၊ ဒုတိယနှစ်တွင် ၂.၅ % ၊ တတိယနှစ်တွင် ၂% ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
(၁) ဘဏ်မှအကြောင်းကြားစာ (Forwarding Letter)
(၂) အဆိုလွှာ
(၃) ဝင်ငွေ၊သုံးငွေစာရင်း
(၄) Financial Statement & Audit Report
(၅) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးမှ SME လုပ်ငန်းရှင်ဖြစ်ကြောင်းထောက်ခံချက်
(က) MI မူရင်း
(ခ) ဘဏ်မိတ္တူ
(၆) ပုဂ္ဂလိကစက်မှု့လုပ်ငန်းမှတ်ပုံတင်လက်မှတ်(စက်မှုကြီးကြပ်/စစ်ဆေးဦးစီးဌာန) SME Card
(၇) စည်ပင်သာယာရေးအဖွဲ့မှထုတ်ပေးသည့်လုပ်ငန်းလိုင်စင်
(၈) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(DICA) (ကုမ္ပဏီမဟုတ်ပါကမလိုအပ်ပါ။)
(၉) အသင်းအဖွဲ့/အုပ်စုကုမ္ပဏီမှတ်တမ်း (ကုမ္ပဏီမဟုတ်ပါကမလိုအပ်ပါ။)
(၁၀) Business Plan
(၁၁) သန်းခေါင်စာရင်းမိတ္တူ
(၁၂) မှတ်ပုံတင်မိတ္တူ
(၁၃) လုပ်ငန်းဓါတ်ပုံ
(၁၄) အခွန်ဆောင်ထားသည့်ပြေစာ (၃) နှစ်စာ
(၁၅) အပေါင်ပါရှိပါက အရောင်းအဝယ်စာချုပ်အပြင် ဘဏ်ရာပြတ်အစီရင်ခံစာ ပူးတွဲတင်ပြရပါမည်။
မှတ်ချက်။ ။ မဖြစ်မနေတင်ပြရမည့် အထောက်အထားများဖြစ်သည်။
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ပြီးသော အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းရှင်က ငွေထုတ်ပေးမည့်ဘဏ်များသို့ လျှောက်ထားခြင်း၊
အဆင့်-၂
ချေးငွေထုတ်ပေးမည့် ဘဏ်များက Credit Guarantee Insurance အတွက် အဆိုပြုလွှာနှင့်အတူ ချေးငွေထုတ်ပေးရေးအတွက် အာမခံသည့် အထောက်အထားများကို မြန်မာ့အာမခံလုပ်ငန်းသို့ ပေးပို့ခြင်း၊
အဆင့်-၃
မြန်မာ့အာမခံလုပ်ငန်းက Credit Guarantee Insurance ကို လက်ခံရန်အတွက် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းရှင်တင်ပြသည့် အထောက်အထားများနှင့်အတူ လုပ်ငန်းကို မျက်မြင်စစ်ဆေးပြီး အာမခံလက်ခံခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း၊
အဆင့်-၄
အာမခံလက်ခံပါက ကျသင့်ပရီမီယံတောင်းခံလွှာကို ချေးငွေ ထုတ်ပေးသည့်ဘဏ်များသို့ ပေးပို့ခြင်း၊ ချေးငွေထုတ်ပေးသည့် ဘဏ်များက မြန်မာ့အာမခံလုပ်ငန်းသို့ ပရီမီယံပေးချေ ခြင်း၊ ပရီမီယံရရှိပါက မြန်မာ့အာမခံလုပ်ငန်းက အာမခံစာချုပ်ထုတ်ပေးခြင်း၊
အဆင့်-၅
ချေးငွေထုတ်ပေးသည့် အဖွဲ့အစည်း(သို့မဟုတ်) ဘဏ်များက Credit Guarantee Insurance စာချုပ်ရရှိပါက ချေးငွေထုတ်ပေးခြင်း၊
ဖြည့်စွက်ချက်
ဘဏ်မှ လူမွဲစာရင်းအဖြစ် ခံယူချိန်တွင် ချေးငွေအာမခံထားသူများအတွက် အာမခံထားငွေ၏ ၆၀% ကို ဘဏ်မှတစ်ဆင့်ဖြစ်စေ၊ ချေးငွေစာရင်းရှင်သို့ တိုက်ရိုက်ဖြစ်စေ မြန်မာ့အာမခံ လုပ်ငန်းမှ လျော်ကြေးထုတ်ပေးပါသည်။