အလုံးစုံမော်တော်ယာဉ်အာမခံ
အလုံးစုံမော်တော်ယာဉ်အာမခံ
Ministry of Planning and Finance / July 24, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
(အလုံးစုံ)မော်တော်ယာဉ်အာမခံသည် အာမခံထားသူဆန္ဒအရ ထားနိုင်သော အာမခံအမျိုးအစား (Voluntary Insurance) ဖြစ်ပါသည်။ မော်တော်ယာဉ်များ မောင်းနှင်အသုံးပြုရာတွင် သဘာဝ ဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားများကြောင့် ဖြစ်ပေါ်တတ်သော မတော်တဆထိခိုက်မှုများ၊ ပျက်စီးမှုများနှင့် နစ်နာဆုံးရှုံးမှုများကို အကာအကွယ်ပြုပေးရန်အတွက် IBRB ၏ ခွင့်ပြုချက်နှင့် အညီ ပြောင်းလဲပြင်ဆင်ထားသည့် မော်တော်ယာဉ်အာမခံကို ထားရှိသင့်ပါသည်။
အာမခံထားနိုင်သည့်ယာဉ်များ
- ကိုယ်ပိုင်ယာဉ်များ
- လုပ်ငန်းသုံးယာဉ်များ
- ဝန်ချီစက်၊ မြေတူးစက် (Mobile Plants)
- မော်တော်ဆိုင်ကယ်များ
အာမခံထားနိုင်သည့်သက်တမ်း
- (၃) / (၆) /(၉) / (၁၂) လ စသဖြင့် စိတ်ကြိုက် ထားရှိနိုင်ပါသည်။
ဝန်ဆောင်ခ
ယာဉ်၏ အာမခံတန်ဖိုး၊ အင်ဂျင်စွမ်းအား (Cubic Capacity) တင်ဆောင်နိုင်သည့် လူဦးရေ၊ ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) အငှားယာဉ် စသည့် အချက်များပေါ်တွင်မူတည်၍ ကျသင့်ပရီမီယံကို တွက်ချက်ခြင်း ဖြစ်ပါသည်။ ဥပမာ- တန်ဖိုးကျပ်သိန်း ၁၀၀ ဖြင့် အာမခံထားရှိမည်ဆိုပါက ပရီမီယံနှုန်းမှာ ကိုယ်ပိုင်ယာဉ်များအတွက် ၁.၀၇၂% ခန့်နှင့် အငှားယာဉ်များအတွက် ၁.၇၃၄% ခန့် ကျသင့်ပါမည်။ (အပို အကာအကွယ်- သဘာဝဘေးအန္တရာယ်၊ စစ်ဘေးအန္တရာယ်၊ ခိုးယူမှု၊ Nil Excess နှင့် လေကာမှန်တန်ဖိုး ကျပ် ၁ သိန်းအပါအဝင်)
ယာဉ်ပိုင်ရှင်တစ်ဦးတည်းမှ ယာဉ်စီးရေ(၁၀)စီးနှင့်အထက် တပြိုင်နက်တည်း ထားရှိပါက အခြေခံ ပရီမီယံ ပေါ်တွင် ၁၀% သက်သာခွင့်ရှိပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- Owner Book/ Wheel Tax
- ယာဉ်ပိုင်ရှင်မှတ်ပုံတင်မိတ္တူ
- ယာဉ်မောင်းလိုင်စင်မိတ္တူ
- ယာဉ်မောင်းတစ်ဦးချင်းစီ၏ ယာဉ်မောင်းလိုင်စင်မိတ္တူ (အများဆုံး ၅ ဦး)
- ယာဉ်အရောင်းအဝယ်စာချုပ်
- ယာဉ်ရှေ့၊ နောက်၊ ဝဲ ၊ ယာ ဓါတ်ပုံ(၄) ပုံ
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း၊
အဆင့်-၂
ယာဉ်မျက်မြင်စစ်ဆေးခြင်း၊
အဆင့်-၃
ပရီမီယံ ပေးသွင်းခြင်း၊
အဆင့်-၄
ပေါ်လစီစာချုပ် ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- အာမခံထားသည့်ယာဉ် ထိခိုက်ပျက်စီးမှုအတွက် အာမခံထားငွေအထိ အများဆုံး လျော်ကြေးရနိုင်ပါသည်။
- အာမခံထားသည့်ယာဉ်ဖြင့် ထိခိုက်မှုကြောင့် သူတစ်ပါး ပိုင်ယာဉ်နှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု အတွက် ပေးလျော်ခြင်းနှင့် အာမခံထားသည့်ယာဉ်ကြောင့် အခြားသူတစ်ဦး သေဆုံးခြင်း၊ ဒဏ်ရာရခြင်းအတွက် အများဆုံး ကျပ် ၃၀ သိန်း ပေးလျော်ခြင်း။ (သူတစ်ပါးသို့ ပေးလျော် ရန်တာဝန်မှာ ဖြစ်ရပ်တစ်ခုအတွက် အများဆုံးရရှိနိုင်သည့် လျော်ကြေးမှာ ကျပ်သိန်း ၅၀၀ ဖြစ်ပါသည်။)
- အလုံးစုံမော်တော်ယာဉ်အာမခံထားရှိခြင်းအား core systemအသုံးပြု၍ Mobile payment ၊ Cash ၊ Cheque များဖြင့် customer စိတ်ကြိုက်ပရီမီယံ ပေးဆောင်စေခြင်းဖြင့် လွယ်ကူ လျင်မြန်စွာ Insurance policy ထုတ်ပေးခြင်းအား ရန်ကုန်(ရုံးချုပ်)အပါအဝင် ရုံးခွဲများတွင် လက်ခံဆောင်ရွက်လျက်ရှိပါသည်။
လျော်ကြေးရနိုင်သည့် ဆုံးရှုံးမှုများ
(က) အာမခံထားသည့်ယာဉ်၏ ပျက်စီးဆုံးရှုံးမှု
- အမျိုးမျိုးသော မတော်တဆထိခိုက်မှုများကြောင့် ပျက်စီးခြင်း၊ တိမ်းမှောက်ခြင်း (အာမခံထားငွေအထိ အများဆုံး လျော်ကြေးရနိုင်ပါသည်။)
- ယာဉ်ပေါ်သို့ပစ္စည်းတစ်ခုခုပြုတ်ကျခြင်း
- မီးလောင်ပျက်စီးခြင်း (မိုးကြိုးပစ်ခြင်း၊ ယာဉ်မှအလိုအလျောက် မီးလောင်ခြင်း၊ ပြင်ပမီး ကူးစက်လောင်ခြင်း၊ ပြင်ပပေါက်ကွဲမှုကြောင့် ယာဉ်ပျက်စီးခြင်း)
- ယာဉ်မလိုတမာ ဖျက်စီးခံရခြင်း
- ရေလမ်း၊ကုန်းလမ်းဖြင့်သယ်ယူပို့ဆောင်စဉ်ပျက်ဆီးခြင်း
- ယာဉ်ဆွဲခ ကျပ် (၃) သိန်း
(ခ) သူတစ်ပါးအတွက်ပေးလျော်ရန်တာဝန်ရှိမှု
- လူတစ်ဦးသေဆုံးခြင်း - အများဆုံး ကျပ် သိန်း ၃၀ အထိ
- လူတစ်ဦးထိခိုက်ဒဏ်ရာရခြင်း - အများဆုံး ကျပ် သိန်း ၃၀ အထိ
- ဆေးရုံတက်ရောက်ကုသမှု တစ်ပါတ်လျှင် ၂၅,၀၀၀ ကျပ် နှင့် ၅၂ ပါတ်( အများဆုံး)
- သူတစ်ပါးပစ္စည်းပျက်စီးခြင်း - ပြုပြင်ရသည့်ကုန်ကျစရိတ်ကို သင့်တင့်မျှတ စွာ ပေးလျော်ပါမည်။
- သူတစ်ပါထိခိုက်မှု ဖြစ်ရပ်တစ်ခုလုံးအတွက် အများဆုံး ကျပ် (၅၀၀)သိန်း
(ဂ) ကိုယ်အင်္ဂါထိခိုက်မှုနှင့် ဆေးဝါးကုသမှုစရိတ်
- ကိုယ်အင်္ဂါထိခိုက်မှု - အာမခံထားသူ (သို့) အာမခံထားသူက ခွင့်ပြုထားသော ယာဉ်မောင်း
- ဆေးဝါးကုသမှုစရိတ် - အာမခံထားသူ (သို့) အာမခံထားသူနှင့် ယာဉ်မောင်း
(ယာဉ်ကို အသုံးပြုသူ ၁ ဦးလျှင် အများဆုံး ကျပ် သိန်း ၃၀ ဖြင့် အချိုးကျပေးလျော် ပါမည်။)
လျော်ကြေးအကျုံးမဝင်သည့်အချက်များ
- တန်ဖိုးလျော့ခြင်း
- အကျိုးဆက်ဆုံးရှုံးမှု
- ယာဉ်ထိခိုက်မှုကြောင့်မဟုတ်ဘဲ တာယာများ ပွန်းပဲ့ဟောင်းနွမ်းပျက်စီးခြင်း
- ယာဉ်ထိခိုက်မှုဖြစ်ပွားစဉ် ယာဉ်မောင်းသူမှ အရက်သေစာသောက်စားခြင်း/ မူးယစ်ဆေးဝါး သုံးစွဲ ထားခြင်း
- သတ်မှတ်ထားသည့် အဆင့်မီလိုင်စင်ရရှိထားသူ မဟုတ်ခြင်း
- အဆိုလွှာတွင် ဖော်ပြထားသည့် ယာဉ်အသုံးပြုခြင်းမှလွဲ၍ ယာဉ်ကို အခြားကိစ္စတွင် အသုံးပြုခြင်း
- အဆိုလွှာတွင် ဖော်ပြထားခြင်းမရှိသော ယာဉ်မောင်းကြောင့် လျော်ကြေးတောင်းဆိုရာ တွင် သတ်မှတ်ချက်နှင့်အညီ ထည့်သွင်းဆုံးဖြတ်ပါမည်။
- မြန်မာနိုင်ငံပြင်ပတွင် အသုံးပြုခြင်း
- ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ဖောက်ဖျက်၍ ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများ
လျော်ကြေးတောင်းခံခြင်း
ထိခိုက်မှုဖြစ်လျှင် အာမခံကုမ္ပဏီသို့ ဖုန်းဖြင့်/စာဖြင့် ချက်ချင်းအကြောင်းကြားရမည်။ အာမခံ ကုမ္ပဏီ၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြင်ဆင်ရပါမည်။ လျော်ကြေးအား ထိခိုက်မှုဖြစ်သည့်နေ့မှ စ၍ ၃ နှစ်အတွင်း တောင်းခံရမည်ဖြစ်ပြီး ၃ နှစ်ကျော်မှ တောင်းခံလာသည့် လျော်ကြေးများအား အာမခံကုမ္ပဏီမှ ငြင်းပယ် ပိုင်ခွင့် ရှိပါသည်။
အပိုအကာအကွယ်များ
(၁) မယူမနေရ အကာအကွယ်များ
အကာအကွယ် |
ကျသင့်နှုန်းထား |
သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း |
အာမခံတန်ဖိုး၏ ၀.၀၆၅% |
လေကာမှန်ပျက်စီးခြင်း |
လေကာမှန်တန်ဖိုး၏ ၆.၅% (အများဆုံး ကျပ် (၃၀) သိန်း ထိ) |
သူတစ်ပါးပေးလျော်ရန် တာဝန်ရှိမှု |
ပုံသေသတ်မှတ်နှုန်းထားအတိုင်း |
(ခ) ရွေးချယ်ဝယ်ယူနိုင်သည့် အပိုအကာအကွယ်များ
အကာအကွယ် |
ကျသင့်နှုန်းထား |
သဘာဝဘေးအန္တရာယ် (ရေကြီးခြင်း၊ လေမုန်တိုင်းအမျိုးမျိုး၊ မြေငလျင် လှုပ်ခြင်း) |
အာမခံတန်ဖိုး၏ ၀.၀၆၅% |
ခိုးယူခြင်း |
အခြေခံပရီမီယံ၏ ၁၅% |
Betterment အကာအကွယ် |
အခြေခံပရီမီယံ၏ ၃၀% |
Betterment အကာအကွယ် ရှင်းလင်းချက်
အာမခံထားသူအနေဖြင့် Betterment အပိုအကာအကွယ် မဝယ်ယူထားပါက လျော်ကြေး တောင်းဆိုချိန်တွင် အောက်ပါအတိုင်း အချိုးကျ ကျခံရပါမည်။
သင်၏မော်တော်ယာဉ်သက်တမ်း |
ကောင်းမွန်လာသောနှုန်း |
အနည်းဆုံး ၃ နှစ် |
၅% |
၄ နှစ် |
၁၀% |
၅ နှစ် |
၁၅% |
၆ နှစ် |
၂၀% |
၇ နှစ် |
၂၅% |
၈ နှစ် |
၃၀% |
၉ နှစ် |
၃၅% |
၁၀ နှစ်နှင့် အထက် |
၄၀% |
Excess (ကိုယ်ပိုင်ယာဉ် + လုပ်ငန်းသုံးယာဉ်)
Standard Excess |
လျော်ကြေးတောင်းဆိုချိန်တွင် ဖြစ်စဉ်တစ်ခုပေါ်၌ နှုတ်ဖြတ် ငွေ Standard Excess အနေဖြင့် ကျပ် ၁၀၀,၀၀၀ နှုတ်ဖြတ် ပါမည်။ |
Nil Excess |
Nil Excess အကာအကွယ်ဝယ်ယူထားပါက ကျပ် ၅၀,၀၀၀ ပေးဆောင်ရပါမည်။ |
Additional Excess |
အာမခံထားငွေ ကျပ် သိန်း ၂၀၀ အထက်ရှိသော ယာဉ်များ အနေဖြင့် အောက်ပါအတိုင်း ရွေးချယ်ဝယ်ယူနိုင်ပါသည်။ |
ရွေးချယ်ဝယ်ယူနိုင်သောပမာဏ |
ပရီမီယံသက်သာခွင့် |
၂၀၀,၀၀၀ ကျပ် |
၅၀,၀၀၀ ကျပ် |
၃၀၀,၀၀၀ ကျပ် |
၇၀,၀၀၀ ကျပ် |
၅၀၀,၀၀၀ ကျပ် |
၁၀၀,၀၀၀ ကျပ် |
လျော်ကြေးမဲ့ဆု
အာမခံထားသည့် ကာလအတွင်း လျော်ကြေးမတောင်းခံလျှင် နောက်သက်တမ်းဆက်နှစ်များတွင် အောက်ပါအတိုင်း လျော်ကြေးမဲ့ဆုကို အခြေခံပရီမီယပေါ်မှ ရရှိပါမည်။
နှစ်အလိုက် |
ကိုယ်ပိုင် |
အငှား |
ဆိုင်ကယ် |
ဒုတိယနှစ် |
၂၅% |
၁၅% |
၁၅% |
တတိယနှစ် |
၃၀% |
၂၀% |
၂၀% |
စတုတ္တနှစ်နှင့်အထက် |
၄၀% |
၂၅% |
၂၅% |
သက်တမ်းစေ့သည့်နေ့မှ ရက်(၃၀)အတွင်းသာခံစားခွင့်ရှိပါသည်။