ပြည်သူ့ဝန်ထမ်းအသက်အာမခံ
ပြည်သူ့ဝန်ထမ်းအသက်အာမခံ
Ministry of Planning and Finance / August 15, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
၁၉၉၃ ခုနှစ်၊ မြန်မာ့အာမခံဥပဒေအခန်း (၆)၊ပုဒ်မ (၁၃) အရပြည့်သူ့ဝန်ထမ်းများသည် မထား မနေရ ထားရှိရပါမည်။
ဝန်ဆောင်ခ
အသက်အာမခံနည်းဥပဒေများ အခန်း(၂)၊ အပိုဒ်(၃)အရ ဝန်ထမ်းတစ်ဦး၏ လစဉ်ပေးသွင်းရမည့် ပရီမီယံငွေသည် လစာ၏ ၁၅% ထက် မကျော်လွန်စေရပါ။
လိုအပ်သောစာရွက်စာတမ်းများ
အသက်(၅၀)နှစ်အထက် ကျော်လျှင်သော်လည်းကောင်း၊ အာမခံထားငွေ ကျပ်(၂)သန်း အထက် ကျော်လျှင်သော်လည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြု ဆရာဝန်(သို့မဟုတ်)ဆေးရုံ/ဆေးခန်းများ၏ ဆေးစစ်ချက်ပုံစံဖြင့် ဆေးစစ်ရပါမည်။ (X-ray, E.C.G, Ultra Sound, ဆီးချို/သွေးချို၊ ဘီပိုး/စီပိုးဆေးစစ်ချက်များအား တင်ပြရပါမည်။)
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
လက်ခံလွှာထုတ်ပေးခြင်း
အဆင့်-၃
ပထမအရစ်ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း
အဆင့်-၄
ပေါ်လစီစာချုပ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- အချက်အလက်များထည့်သွင်းခြင်းနှင့် စစ်ဆေးအတည်ပြုပေးပြီးလက်ခံလွှာ၊ စာရင်းချုပ်နှင့် ပေါ်လစီထုတ်ပေးခြင်းလုပ်ငန်းများအား ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
- ပြည်သူ့ဝန်ထမ်းအသက်အာမခံတွင် ရရှိနိုင်သော အကျိုးခံစားခွင့်များမှာ အမ်းငွေ၊ နှစ်စေ့၊ သေဆုံး၊ ချေးငွေ၊ စာရင်းပိတ်၊ ထာဝစဉ်မစွမ်းမသန် တောင်းခံငွေများ ထုတ်ပေးခြင်းများအား ဆောင်ရွက်ပေးလျက်ရှိပါသည်။