ပြည်သူပြည်သားအသက်အာမခံ
ပြည်သူပြည်သားအသက်အာမခံ
Ministry of Planning and Finance / August 13, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
ပြည်သူပြည်သားတစ်ဦးအနေဖြင့် မိမိဆန္ဒအလျှောက် ထားရှိနိုင်ပါသည်။ အသက်(၁၀)နှစ်မှ (၅၅)နှစ် အထိ ထားရှိနိုင်ပါသည်။
ဝန်ဆောင်ခ
အာမခံထားငွေကျပ် အနည်းဆုံးကျပ် ၅၀၀၀၀ မှ အများဆုံးကျပ်သန်း(၃၀) အထိ အာမခံသက်တမ်း(၅)နှစ်ထားရှိပါက အသက်ပိုင်းအခြားအရ ပရီမီယံနှုန်းတွက်ချက် ကောက်ခံ ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
အာမခံထားသူတိုင်း ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြုဆရာဝန် (သို့မဟုတ်) ဆေးရုံ/ဆေးခန်းများ၏ ဆေးစစ်ချက်ပုံစံဖြင့် ဆေးစစ်ရပါမည်။ (X-ray, E.C.G, Ultra Sound, ဆီးချို/သွေးချို၊ ဘီပိုး/စီပိုး ဆေးစစ်ချက်များအား တင်ပြရပါမည်။)
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
လက်ခံလွှာထုတ်ပေးခြင်း
အဆင့်-၃
ပထမအရစ်ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း
အဆင့်-၄
ပေါ်လစီစာချုပ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- အချက်အလက်များထည့်သွင်းခြင်းနှင့် စစ်ဆေးအတည်ပြုပေးပြီးလက်ခံလွှာ၊ စာရင်းချုပ်နှင့် ပေါ်လစီထုတ်ပေးခြင်းလုပ်ငန်းများအား ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
- ပြည်သူပြည်သားအသက်အာမခံတွင် အမ်းငွေ၊နှစ်စေ့၊ သေဆုံး၊ ချေးငွေ၊ စာရင်းပိတ်၊ ထာဝစဉ်မစွမ်းမသန်တောင်းခံငွေ ထုတ်ပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိပါသည်။