အားကစားသမားကိုယ်အင်္ဂါ ထိခိုက်မှုအသက်အာမခံ


Ministry of Planning and Finance / August 13, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသက် ၁၀ နှစ်မှ ၆၀ နှစ်အထိရှိသောရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးရှိသော ကျောင်းသူ၊ ကျောင်းသားများနှင့် အားကစားသမားများ ထားရှိ နိုင်ပါသည်။

ဝန်ဆောင်ခ

မည်သည့်အားကစားနည်းမဆို အားကစားတစ်ဦးလျှင် အာမခံသက်တမ်း (၁) နှစ် တစ်ယူနစ် ထားငွေကျပ် ၁၀ သိန်းကျသင့်ပရီမီယံငွေကျပ် ၅၀၀၀/-ဖြင့် အများဆုံး (၅)ယူနစ် အာမခံထားငွေ ကျပ် သိန်း ၅၀ အတွက် ၂၅၀၀၀/-၊ ဂေါက်သီးအားကစားသမားများနှင့်အတူ ဂေါက်သီးကောက်သမား(CADDIE)များလည်း အဆိုပါနှုန်းထားအတိုင်းပေးဆောင်ရပါမည်။ ပြည်ပနိုင်ငံများသို့ သွားရောက်ယှဉ်ပြိုင်သည့်အခါ ခရီးသွားအာမခံ အသွားအပြန် လေယာဉ် ခရီးစဉ်တွင် အာမခံအကျိုးခံစားခွင့် ကျပ် သိန်း ၅၀ အတွက် ပရီမီယံ ကျပ် ၁၀၀၀/-၊ သက်ဆိုင်ရာနိုင်ငံများတွင် နေထိုင်၊ ယှဉ်ပြိုင်၊ လေ့ကျင့်နေစဉ်ကာလအတွင်း ပေးရမည့် အပိုပရီမီယံကြေးမှာ ၁ ယူနစ် (၇)ရက် ခရီးစဉ်အတွက် ကျပ် ၅၀၀/-၊ တစ်လ ခရီးစဉ်အတွက် ၁ ယူနစ် ကျပ် ၁၀၀၀/-၊ ကျသင့်မည်ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

အဆိုလွှာတွင်ဖြည့်စွက်ခြင်း

အဆင့်-၁

အဆိုလွှာဖြည့်စွက်ခြင်း၊

အဆင့်-၂

ပရီမီယံပေးသွင်းခြင်း၊

အဆင့်-၃

အာမခံလက်မှတ်ထုတ်ပေးခြင်း

ဖြည့်စွက်ချက်

  • အားကစားလေ့ကျင့်နေစဉ်နှင့် အားကစားပြိုင်ပွဲဝင်နေစဉ် အသက်ဆုံးရှုံးပါက ကျပ်(၁၀)သိန်း ရရှိနိုင်ပါသည်။
  • ဒဏ်ရာရရှိပါက ဆေးမှတ်တမ်းအပေါ်မူတည်၍ သတ်မှတ်နှုန်းထားအတိုင်း လျော်ကြေး ရရှိနိုင်ပါသည်။
  • အထက်ဖော်ပြပါ ခရီးသွားအာမခံနှင့် ရက်တိုခရီးသွားအာမခံ ထားရှိခြင်းအား အားကစားအာမခံ (၁)နှစ်သက်တမ်း ထားရှိပြီးသော အားကစားသမားများသာ လက်ခံဆောင်ရွက်ပေးပါသည်။