ငွေပို့ငွေသယ်အာမခံ
ငွေပို့ငွေသယ်အာမခံ
Ministry of Planning and Finance / July 24, 2024
အာမခံအကာအကွယ်
နိုင်ငံပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင် လုပ်ငန်းများတွင် ငွေကြေးကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်စဉ် လုယက်ခံရခြင်း၊ ခိုးယူခံရခြင်းကြောင့် နစ်နာဆုံးရှုံးမှုကို အာမခံထားခြင်း ဖြစ်ပါသည်။
ဝန်ဆောင်ခ
သယ်ယူသည့် ခရီးအကွာအဝေးမိုင်ပေါ်တွင် ပရီမီယံသတ်မှတ်ထားပြီး လျော့ပေါ့ပေးသည့် သတ်မှတ်ချက်များအရ လျော့ပေါ့နှုန်းများဖြင့် ပရီမီယံတွက်ချက်ပါသည်။ ပရီမီယံနှုန်းမှာ အနည်းဆုံး ၀.၀၁၇ % မှ အများဆုံး ၀.၀၉ % ဖြစ်ပါသည်။
အာမခံထားငွေ
အာမခံသက်တမ်းအတွင်း ငွေပို့ငွေသယ်ကို အကိမ်ကိမ်ပြုလုပ်ပါက အာမခံသက်တမ်း အတွင်း ငွေပို့ငွေသယ်ပြုလုပ်မည့်ငွေကို ခန်မှန်းဖော်ပြရန် လိုအပ်ပါသည်။ တစ်ကိမ်လင် အများဆုံးသယ်ဆောင်မည့် ငွေပမာဏကိုဖော်ပြရန်နှင့် အာမခံသက်တမ်းအတွင်း စုစုပေါင်း အများဆုံး သယ်ဆောင်မည့်ငွေကို အာမခံထားငွေအဖြစ် သတ်မှတ်ထားရှိနိုင်ပါသည်။
အာမခံသက်တမ်း
အာမခံသက်တမ်းမှာ (၁) ရက်မှ (၁) နှစ်အထိ ကြိုက်နှစ်သက်ရာ ရွေးချယ်ထားရှိနိုင်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- ကုမ္ပဏီ Letter Head ဖြင့် အကြောင်းကြားစာ
- သတ်မှတ်ထားသောအဆိုလွှာပုံစံ
လျှောက်ထားရန်အဆင့်များ
- သတ်မှတ်ထားသောအဆိုလွှာပုံစံနှင့်အတူလိုအပ်သောစာရွက်စာတမ်းများ တင်ပြခြင်း
- ပရီမီယံနှုန်းထားသတ်မှတ်၍ ငွေပေးသွင်းနိုင်ရေးအတွက် ချလံထုတ်ပေးခြင်း
- ပရီမီယံပေးသွင်းပြီးပါက ငွေရပြေစာထုတ်ပေးပြီး အဆင့်ဆင့်တင်ပြကာ ပေါ်လစီစာချုပ် ထုတ်ပေးခြင်း