ဖောက်ထွင်းခိုးယူမှုအာမခံ


Ministry of Planning and Finance / July 24, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ပစ္စည်းများဖောက်ထွင်းခိုးယူခံရမှုကြောင့် ဆုံးရှုံးမှုကို အာမခံထားခြင်းဖြစ်ပါသည်။ မီးအာမခံနှင့်လည်း တွဲဘက်ထားနိုင်ပါသည်။ အမိုး၊ အကာ၊ အခင်း၊ တံခါး၊ ပြတင်းပေါက်များကို ဖျက်ဆီး၍လည်းကောင်း၊ သော့ခလောက်ကို ဖျက်ဆီး၍လည်းကောင်း ဝင်ရောက်၍ ခိုးယူခံထားခြင်းဖြစ်ရပါမည်။

 

ဝန်ဆောင်ခ

အနိမ့်ဆုံး ၀.၂၅ % မှ အမြင့်ဆုံး ၁ % ဖြစ်ပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

သတ်မှတ်ထားသော အဆိုလွှာပုံစံ

 

လျှောက်ထားရန်အဆင့်များ

(က) အဆိုလွှာဖြည့်စွက်ခြင်း၊

(ခ)   မျက်မြင်စစ်ဆေးခြင်း၊

(ဂ)   ပရီမီယံနှုန်းထား သတ်မှတ်ခြင်း၊

(ဃ) ပရီမီယံပေးသွင်းနိုင်ရေးအတွက် ချလံထုတ်ပေးခြင်း၊

(င)   ပရီမီယံပေးသွင်းပြီးပါက ငွေရပြေစာထုတ်ပေးပြီး ဘဏ္ဍာရေးလုပ်ပိုင်ခွင့်အရ အဆင့်ဆင့် တင်ပြ၍ ပေါ်လစီစာချုပ် / Certificate ထုတ်ပေးခြင်း