လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ


Ministry of Planning and Finance / August 16, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသက် ၆ နှစ် မှ ၇၅ နှစ် အထိ အသက်အုပ်စုခွဲ၍ ထားရှိနိုင်ပါသည်။ အသက် ၆ နှစ် မှ ၁၈ နှစ် အထိ မိဘ/အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါသည်။

 

ဝန်ဆောင်ခ

အသက်ပိုင်းအခြားအရ ပရီမီယံနှုန်း တွက်ချက် ကောက်ခံပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

အဆိုလွှာတွင်ဖြည့်စွက်ခြင်း

 

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပရီမီယံပေးသွင်းခြင်း

အဆင့်-၃

အာမခံလက်မှတ်ထုတ်ပေးခြင်း

 

ဖြည့်စွက်ချက်

  • ဆေးရုံတက်ရောက်ကုသမှုခံယူပါက အာမခံလက်ခံသူသို့ ကြိုတင်အကြောင်းကြား ရမည်ဖြစ်ပြီး ဆေးရုံမှဆင်းပြီး အလုပ်လုပ်ရက် (၁၀) ရက် အတွင်း ဆေးကုသမှု မှတ်တမ်းနှင့်တကွ အကျိုးခံစားခွင့်တောင်းခံနိုင်ပါသည်။ အာမခံလက်ခံသူမှ ထပ်မံတောင်းခံလာသော လိုအပ်ချက်များကို ၃ လ အတွင်း ပေးပို့ရပါမည်။
  • မတော်တဆထိခိုက် သေဆုံးသည့်အခါ အကျိုးခံစားခွင့် ကျပ် ၅ သိန်း၊ ရောဂါကြောင့် ဆေးရုံတက်ခြင်း/ မတော်တဆမှုကြောင့် ဆေးရုံတက်ခြင်း အတွက် ဆေးရုံတက်ရက် ၁ ရက် ကျပ် ၅၀၀၀/-၊ ဖြင့် အများဆုံး ရက်ပေါင်း ၆၀ အထိ အကျိုးခံစားခွင့်ရရှိမည် ဖြစ်ပါသည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ ရောဂါကြောင့်ဆေးရုံတက်ခြင်း

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
  • အာမခံလက်မှတ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ

 

၂။ မတော်တဆမှုကြောင့်ဆေးရုံတက်ခြင်း

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
  • အာမခံလက်မှတ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ

 

၃။ မတော်တဆမှုကြောင့်သေဆုံးခြင်း

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
  • အာမခံလက်မှတ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • သေဆုံးမှုလက်မှတ်/အထောက်အထားမိတ္တူ
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်

 

၄။ ကော်မရှင်ပေးခြင်း

  • ကျန်းမာရေးအာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို ပေးသွင်းပရီမီယံပေါ်မှ ၁၀ ရာခိုင်နှုန်းခံစားခွင့်ပြုပါသည်။
  • ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက် ပေးပါသည်။