ပြည်သူပြည်သားနှစ်ချင်းအသက်အာမခံ


Ministry of Planning and Finance / August 16, 2024

 

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသက်(၁)နှစ်မှ (၅)နှစ် အထိ ရှိသူတိုင်း အသက်အာမခံထားရှိနိုင်ပါသည်။

 

ဝန်ဆောင်ခ

အာမခံထားငွေ အနည်းဆုံး ကျပ် (၁)သိန်း မှ အများဆုံး ကျပ်သိန်း (၂၀၀) အထိ ထားရှိနိုင် ပါသည်။ အာမခံထားငွေ၊ အာမခံသက်တမ်းနှင့် အသက်ပေါ်မူတည်၍ ပရီမီယံနှုန်း တွက်ချက်ကောက်ခံ ပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

အာမခံထားသူ၏ အသက်နှင့် အာမခံထားငွေပေါ်မူတည်၍ ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြုဆရာဝန် (သို့မဟုတ်) ဆေးရုံ/ဆေးခန်းများ၏ ဆေးစစ်ချက်ပုံစံဖြင့် ဆေးစစ် ရပါမည်။ (X-ray, E.C.G, Ultra Sound, ဆီးချို/သွေးချို၊ ဘီပိုး/စီပိုး ဆေးစစ်ချက်များအား တင်ပြရပါမည်။)

 

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပထမအရစ်ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း

အဆင့်-၃

ပေါ်လစီစာချုပ်ထုတ်ပေးခြင်း

 

ဖြည့်စွက်ချက်

  • အချက်အလက်များထည့်သွင်းခြင်းနှင့် စစ်ဆေးအတည်ပြုပေးပြီး စာရင်းချုပ်နှင့် ပေါ်လစီထုတ်ပေးခြင်းလုပ်ငန်းများအား ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ပေး လျက်ရှိပါသည်။
  • ပြည်သူပြည်သားနှစ်ချင်း အသက်အာမခံတွင် သေဆုံးခြင်းထာဝစဉ်မစွမ်းမသန် တောင်းခံငွေနှင့် သတ်မှတ်ထားသော ထိခိုက်ဒဏ်ရာအတွက် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ သေဆုံးမှုအကျိုးခံစားခွင့်

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • သေဆုံးမှုလက်မှတ်မိတ္တူ/သေဆုံးကြောင်းခိုင်လုံသောအထောက်အထား
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
  • အလောင်းမရရှိပါက ၂ နှစ် စောင့်ဆိုင်း၍ မျက်မြင်အားဖြင့် သွားလာ လှုပ်ရှားမှု မရှိကြောင်း ရပ်ကွက်/အုပ်ချုပ်ရေးမှူးထောက်ခံချက်

 

၂။ ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွ့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
  • ကုသသည့်အထူးကုဆရာဝန်၏ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေထောက်ခံချက်
  • ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

 

၃။ ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွ့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
  • ကုသသည့်အထူးကုဆရာဝန်၏ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ကြောင်းထောက်ခံချက်
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

 

၄။ ကော်မရှင်ပေးခြင်း

  • ပြည်သူပြည်သားနှစ်ချင်းအသက်အာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို ပရီမီယံ၏၁၀ ရာခိုင်နှုန်းဖြစ်ပါသည်။
  • ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက် အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။