အပ်ငွေအာမခံ


Ministry of Planning and Finance / July 24, 2024

အာမခံအကာအကွယ်

ပြည်သူလူထုအနေဖြင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေများဆုံးရှုံးမှုမရှိစေရန်နှင့် ဘဏ်များ အပေါ် အများပြည်သူ၏ယုံကြည်မှု တိုးတက်၍ ဘဏ်အပ်ငွေများပြားကာ ဘဏ်များ၏ ငွေထုတ်ချေးနိုင်စွမ်း မြင့်တက်ပြီး ဘဏ်၏ဝင်ငွေတိုးတက်စေရန် ရည်ရွယ်၍ အပ်ငွေအာမခံ လုပ်ငန်းကို ၁.၁၀.၂၀၁၁ မှစ၍ လက်ခံဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဘဏ်မှ လူမွဲစာရင်းအဖြစ် ခံယူချိန်တွင် အပ်ငွေအာမခံထားသူများ အတွက် အာမခံထားငွေ၏ ၆၀% ကို ဘဏ်မှတစ်ဆင့် ဖြစ်စေ၊ အပ်ငွေစာရင်းရှင်သို့ တိုက်ရိုက်ဖြစ်စေ မြန်မာအာမခံလုပ်ငန်းမှ လျော်ကြေးထုတ်ပေး ပါသည်။

ဝန်ဆောင်ခ

ပရီမီယံနှုန်းသည် ၀.၁၂% ဖြစ်ပါသည်။

အာမခံထားငွေ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်မှုအောက်တွင်ရှိသော ပုဂ္ဂလိကဘဏ်များရှိ အပ်ငွေစာရင်းရှင် တစ်ဦးလျှင် ကျပ် ၁ သိန်းမှ ၁၀ သိန်းအထိ ရှိသူများအတွက် ဘဏ်မှအာမခံထားပေးခြင်း ဖြစ်ပါသည်။

အာမခံသက်တမ်း

အာမခံသက်တမ်းမှာ (၁) နှစ် ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

  • ကုမ္ပဏီ Letter Head ဖြင့် အကြောင်းကြားစာ
  • သတ်မှတ်ထားသောအဆိုလွှာပုံစံ
  • အာမခံထားသည့် ဘဏ်ခွဲစာရင်း
  • အာမခံထားသည့် စာရင်း တစ်ခုချင်းအလိုက် အာမခံထားငွေ ဖော်ပြထားသည့် စာရင်း

လျှောက်ထားရန်အဆင့်များ

  • သတ်မှတ်ထားသောအဆိုလွှာပုံစံနှင့်အတူလိုအပ်သောစာရွက်စာတမ်းများ (Hard Copy နှင့် Soft Copy) တင်ပြခြင်း
  • ပရီမီယံနှုန်းထားသတ်မှတ်၍ ငွေပေးသွင်းနိုင်ရေးအတွက် ချလံထုတ်ပေးခြင်း
  • ပရီမီယံပေးသွင်းပြီးပါက ‌ငွေရပြေစာထုတ်ပေးပြီး အဆင့်ဆင့်တင်ပြကာ ပေါ်လစီစာချုပ် ထုတ်ပေးခြင်း